Unicode
ကျောင်းသူအဆောင်၏ဂိတ်ပေါက်ဝအတန်ငယ်
အရိပ်ကျနေသောနေရာတွင် ကောင်လေးတစ်ယောက်သည်
လက်နှစ်ဖက်အား ဆုပ်လိုက်ဖြန့်လိုက်လုပ်ကာ
အကြည့်သည်လည်း ကျောင်းဆောင်တွင်းမှ
ထွက်လာမည့် ကျောင်းသူတစ်ယောက်အား
အကြိမ်များစွာမျှော်ကြည့်လျက်ရှိသည်။မိနစ်အနည်းငယ်ကြာသည်နှင့် ကျောင်းဝင်းမှ
မိုးပြာရောင်ဒူးဖုံးဂါဝန်၊
ရွှေဝါရောင်သန်းနေသောဆံရှည်ကို တစ်ဝက်စည်းနှောင်ထားပြီး
ရိုးရှင်းလှသော အဖြူရောင်လေဒီရှူးတစ်ရံသာ ဆင်မြန်းထားသော်လည်း
သူမ၏ နူးညံ့ကာ
ကြင်နာဟန်ရှိနေသော လှပကျော့ရှင်းသည့်
မျက်နှာနှင့် ပေါင်းစပ်လိုက်တော့
ကျောင်းအလှပဂေးဆိုသည့်ဂုဏ်နှင့်ထိုက်တန်စွာ
အဖိုးမဖြတ်နိုင်သောအလှတရားမှာ
အလျှံအပယ်ထွက်လာတော့သည်။ထိုကျောင်းသူမှာ သူမအားစောင့်မျှော်နေသော
သူကိုတွေ့လျင်တွေ့ချင်း
ပြုံးရွှင်စွာ လွတ်လပ်ပေါ့ပါးစွာ
ကောင်လေးထံပြေးလာကာ
အတန်ငယ်အားနာဟန်ဖြင့်"တောင်းပန်ပါတယ် ကျွန်မနောက်ကျသွားတယ်
ရှင်အတော်လေးစောင့်လိုက်ရလား''"ကျွန်တော်လည်းရောက်တာမကြာသေးပါဘူး''
ရှောင်မုစိတ်လှုပ်ရှားလျက် မကြာသေးကြောင်းပြောလိုက်သော်လည်း
အမှန်မှာ လွန်ခဲ့သောတစ်နာရီကတည်းကကြိုရောက်နေခဲ့ခြင်းဖြစ်သည်။
သူ၏နတ်သမီးနှင့် ချိန်းတွေ့ရမည်ဆိုသော
ကြောင့် စောစောထပြီး
ဝယ်လာသောအက်ျီများအား တစ်ထည်ပြီးတစ်ထည်မွှေနှောက်ကာ
စိတ်တိုင်းကျပြင်ဆင်ပြီးသောအချိန်၌ ချိန်းထားသည့်အချိန်ရောက်ရန် အတော်လေးလိုနေသေးသည်။"ကျွန်မတို့ ဒီရုပ်ရှင်ကြည့်ရအောင် ''
"အင်း အတော်လေးကောင်းမယ့်ပုံဘဲ''
ရှောင်မုပေါက်ပေါက်ဗူးနှစ်ဘူးကိုင်လျက်
ရုပ်ရှင်ကားအားမကြည့်ဘဲ
သူ့ရှေ့မှပျော်ရွှင်စွာပြောနေသော
သူ၏နတ်သမီးကိုသာ ငေးကြည့်နေပြီး
ကြည့်ရန်သဘောတူလေသည်။ထို်နောက်လက်မှတ်နှစ်စောင်ဖြတ်လိုက်ပြီး
ရှောင်မုရှေ့မှဦးဆောင်သွားလိုက်ရင်း
ထိုင်ခုံရှာကာ ကောင်မလေးအား
အတွင်းဘက်လုံခြုံသောဘက်၌ ထိုင်စေသည်။
YOU ARE READING
ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi)
RomanceTitle - 阿姨帶著錢來找我 Uni& Zawgyi ငါ့ကိုငွေနဲ့ပေါက်မယ့်အန်တီကြီးရောက်လာပြန်ပြီ ရှောင်မုဟာ တက္ကသိုသ်တစ်ခုမှာပန်းချီအနုပညာဘာသာ တက်ရောက်သင်ယူနေတဲ့ တကယ့်ကိုတကယ့်ကို သာမန်ကျောင်းသားတစ်ယောက်ပါ သို့သော် သူကျောင်းအနီးနားရှိ ကော်ဖီဆိုင်မှာ ထိုင်နေရင်း နေရင်းထိုင်...