လူကြီးသဝန်တိုနေသည်

4K 973 68
                                    

Unicode!

ကောင်လေးကိုသာ သူစောင့်ကြည့်ဖို့လူမလွတ်ထားဘူးဆိုရင်
ထိုကောင်လေးသည် သူ့အားအဖက်မလုပ်ဘဲ
ကောင်မလေးနှင့်ချိန်းတွေ့နေသည်ကို
သူသိမည်မဟုတ်။

သူ့လွတ်ထားသောလူမှ
ကောင်လေးသည် သူ့ကျောင်းမှကောင်မလေးတစ်ယောက်နှင့်ချိန်းတွေ့နေသည် ဆိုသည့်
အကြောင်းကြားကြားချင်း
သူ့နှလုံးသားတစ်ခုလုံး​တင်းကျပ်သွားကာ ထိုကောင်လေးကို
ဆုံးရှုံးရမည့်စိတ်နှင့်
သတိမကပ်ဘဲ သူ့ဘေးမှလူများအပေါ်
ဒေါသပုံချကာ
ကောင်လေးရှိရာသို့
အပြေးလာခဲ့သော်လည်း သူရောက်ရောက်ချင်း
ကောင်လေးမှာ သူမဟုတ်သည့်
ကောင်မလေးတစ်ယောက်နှင့်
ပြုံးပျော်ကာ စကားပြောနေသည်ကို
မြင်သည်နှင့် သူ၏ဒေါသကား
နှစ်ဆမြှင့်သွားတော့သည်။

ရှောင်မုသူ့ဘေးမှခုံတွင် အခန့်သားထိုင်လျက်
လက်တစ်ဖက်မှ သူ့ပခုံးအား
တင်းကျပ်စွာဖက်ထားသောထိုလူကြီးအား
ထိန့်လန့်စွာကြည့်ကာ
အနည်းငယ်အပြစ်ရှိစိတ်ဝင်လာသည်။
သူဘာဖြစ်လို့ အပြစ်ရှိသလိုခံစားရမှာလဲ
သူဘာဘဲလုပ်လုပ်
ဒီလူကြီးဆီခွင့်တောင်းစရာမှမလိုတာ
ပြီးတော့ သူကလူလွတ်တစ်ယောက်ဖြစ်လို့ ကောင်မလေးနဲ့ချိန်းတွေ့ခွင့်ရှိသည် ဟု
တွေးလိုက်မှ စိတ်သက်သာရာရကာ
သူ့အားအေးစက်စက်ကြည့်နေသောလူကြီးအား
တည့်တည့်ပြန်စိုက်ကြည့်လိုက်သည်။

"ကိုယ့်ကိုရှောင်မုသူငယ်ချင်းနဲ့မမိတ်ဆက်ပေးချင်ဘူးလား''

အိုးရန်စစ် သူ့အားပြန်စိုက်ကြည့်နေသော
ကောင်လေးအား ပြောလိုက်ပြီး
သူ၏ရှေ့မှ ကောင်မလေးအား
သတ်ဖြတ်တော့မယောင်ယောင်စိုက်ကြည့်လိုက်ကာ ကောင်လေးကိုသူ့အပိုင်ဆိုသည့်နှယ် ပုခုံးကိုခပ်တင်းတင်းဖက်ထားလိုက်သည်။

ကောင်မလေးမှာ ဤကို့ရို့ကားယားနိုင်သော
လေထုအခြေအနေကိုမမှုသည့်အလား
မျက်ဝန်းဘလင်းဘလင်းထလျက်
ကိုယ့်ကိုယ်ကိုမိတ်ဆက်လာလေသည်။

"ဟယ်လို ကျွန်မက ဟန်ရှင်းယွီ
ရှောင်မုအတန်းဖော်ပါတွေ့ရတာဝမ်းသာပါတယ်''

ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi)Where stories live. Discover now