Part-19ကိုယ့်အဆောင်မှာလာအိပ်/ကိုယ့္အေဆာင္မွာလာအိပ္

8.8K 1.2K 7
                                    

Unicode

မထင်မှတ်ထားပါဘဲ ဖူးယာ၏ မျက်နှာလေးငယ်ပြလိုက်ကာ ဗိုက်ဆာပြလိုက်ခြင်း အကြံအစည်က အောင်မြင်ခဲ့ပေသည်။

ထိုနေ့တစ်ရက်တည်းမှာဘဲ တစ်မူထူးခြားစွာ ခေါင်းစဥ်မတူသည့် စိတ်လှုပ်ရှားမှုများစွာနှင့် အခတ်အခဲတွေကို ဖြတ်ကျော်လိုက်ရသည်။မနက်ခင်း ဆည်းဆာဖျာဝင်းချိန် အလှလေး၏ မွတ်သိပ်ဆာလောင်လှသည့် ရမ္မက်ဆန်ဆန် အနမ်းရိုင်းများကို အစွမ်းကုန် ခုခံရင်း ရုန်းကန်ခဲ့ရသည်။

တစ်ဖန် သူဖုန်းစားအယောင်ဆောင် ကလေးငယ်လေးကြောင့်ပါ ပြေးရ လွှားရခဲ့ရသေး၍ လှိုက်ဖိုကာ မောဟိုက်ခဲ့ရသေးသည်။ယခု နေမင်းကြီးက ဖူးယာ၏ ငယ်ထိပ်သို့ ဆိုက်ရောက်နေခဲ့သည့် အချိန်တွင်တော့ ဖူးယာမှာ မင်းသားရှုဖုန်း၏ အပစ်ပေးခြင်းကိုပါ လိမ္မာပါးနပ်စွာ ရှောင်ကြဉ်နိုင်ခဲ့ချေပြီ။

ဤကနေ့၏ အမျိုးအစား စုံလင်လှသည့် ခံစားချက်များက ဖူးယာကြုံတွေ့ဖူး ဖြတ်ကျော်ခဲ့ဖူးသည့် မည့်သည့်နေ့များထက်မဆို ပို၍ပင် ဆန်းကြယ်ကာ ပို၍ပင် ထွေပြားလွန်းခဲ့သည်။အတောမသက်နိုင်သည့် ပြဿနာများသည်ကား ညနေခင်း စုန့်နန်းတော်သို့ ပြန်ဝင်ရခြင်း ခရီးစဥ်မှာတော့ ကံကောင်းထောက်မလွန်းသည်မို့ဘဲ အဆုံးသက်ခဲ့ရသည်ဟု ပြောရလိမ့်မည်လား?

ဖူးယာ မြင်းလှည်းလေးထဲ၌ ငြိမ်ကုတ်လျှက် ရှိနေခဲ့သည်။အလှလေးနှင့် ခရီးအတူဆက်ခဲ့စဥ် မြင်းလှည်းထဲမှာ စကောလှိမ့်ခံခဲ့ရသည် ထိုအချိန်ရပ်ဝန်လေးကိုဘဲ သတိတရနှင့် ပြန်လည်ကာ မြင်ယောင်နေမိသည်။ခွဲခွာလိုက်ရသည်က နာရီပိုင်းမျှသာရှိသေးသည့်တိုင် ဖူးယာ၏ နှလုံးသားလေးမှာတော့ သူ၏အလှလေးကိုဘဲ အလဲလဲ အပြိုပြိုနှင့် နစ်မွန်းကာ လွမ်းဆွတ်နေရတော့သည်။မြင်းလှည်းပေါ်က ဖူးယာ၏ သက်ပြင်းပူပူများကြောင့်ဘဲ ထင်သည်။မြင်းလှည်းကို ဆွဲရသည့် မြင်းလေး၏ ခြေလှမ်းများကပင် ပုံမှန်ထက် ပို၍ လေးကန်နေခဲ့သယောင်။

ကောင်းကင်အထက်၌ ကြယ်မှုန်ကြယ်မွှားလေးများ ပြိုးပြိုးပြက်ပြက်နှင့် လက်လက်ထလာခဲ့ကာ နေရာတကျနှင့် စုံလင်စွာ ပေါ်ထွက်လို့လာခဲ့သည့် အချိန်တစ်ခုမှသာ ဖူးယာတို့ စုန့်နန်းတွင်းသို့ ခရီးဆိုက်ရောက်လေသည်။

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Opowieści tętniące życiem. Odkryj je teraz