နွေဦးရဲ့ဆောင်း🌷(အပိုင်း-၁)

31 2 0
                                    

*ဒီနှစ် နွေတော်တော်ပူတယ်ကွာ*

လက်ဖက်ရည်ဆိုင်တစ်ခုတွင်
နွေဦး နှင့် တာယာ တို့စပ်မိစပ်ရာပြောနေကြသည်

*ပူမာပေါ့ကွ မင်းနာမည်ကိုက ပူနေတာကို*
*နာမည်နဲ့ဆိုင်လားကွ နွေပါတာနဲ့တင် ပူရမလား*
*ဒါပေါ့*
*အဲ့လိုပြောကြေးဆို မိုးပါတာနဲ့တင် သူ့တစ်ကိုယ်လုံး
စိုနေမလား ကဲ*
*ဒါတော့ ဘယ်ဟုတ်မလဲ*
*အဲ့ဆို မပြောနဲ့ကွာ*
*အေးပါကွာ မင်းကလည်း စတာကို*

❣️မြင်တဲ့အတိုင်းပဲဗျာ နာမည်နဲ့ပက်သတ်ပြီး ခနခန စခံရတယ်ဗျာ။ ဟုတ်... ကျွန်တော့ နာမည် အရင်းက
နွေဦးရော် ပါ။ ခင်တဲ့သူတွေကတော့ နွေဦး လို့ပဲခေါ်ကြတယ်။ ကျွန်တော့်နာမည်ဖြစ်လာပုံ ဇာတ်လမ်းလေးလည်းပြောရအုံးမယ်။ ဒါက ဒီလိုဗျ ကျွန်တော့်ကို နွေရာသီရဲ့ အစ နွေဦးမှာမွေးတာပေါ့ဗျာ နောက်က ရော်ကတော့ နွေရာသီရဲ့ရော်ရွက်ဝါလေးတွေကို ညွှန်းပါတယ်။ ဒီလိုနဲ့ပဲ  နွေဦးရော် ဆိုပြီး ဖြစ်လာပါတယ်။ အချို့ကလည်း
တရော်ရော် နဲ့စကြတာပေါ့။

----------------------------

​*ဆောင်းရေ ငါ့ကို ဒီနေ့ပေးတဲ့စာလေး ပြန်ရှင်းပြပါ့လား*

ကြည်ပြာဟူသောကောင်မလေးမှ ဆောင်းနှင်း ကိုစာရှင်းပြဖို့ပြောနေလေသည်။

*ဟာနင်ကလည်း အတန်းမတက်ဘူးလား*
*အေး*
*ဟာ...ဘာလုပ်နေတာလဲ*
*ငါလား.. ဟီးဟီး... ငါ့ကောင်လေးနဲ့  ချိန်းတွေ့နေလို့*
*အဲ့ဆို မရှင်းပြဘူး အမယ်လေး သူကျ ကောင်လေးနဲ့ပျော်ပါးပြီး စာကျမှ လာရှင်းပြခိုင်းတယ်*
*ဟာ ဆောင်းလေးကလည်း ရှင်းပြပါနော် နော်*
*မရှင်းပြနိုင်ပါ (လျှာလေးထုတ်ပြပြီးပြောင်နေလေရဲ့)*
*လုပ်ပါ ရှင်းပြပါနော် ဆောင်းလေး ရေခဲမုန့်
ဝယ်ကျွေးမယ်လေ နော်*
*ရေခဲမုန့်နဲ့ဆိုတော့လည်း ရှင်းပြရမာပေါ့ ကဲကဲ လာလာ*
*ဟုတ်လာပြီ*
*ဒီနေ့သင်တာ ဒါက ..................... *

❣️ကျွန်မနာမည်ကတော့ ဆောင်း ။ နာမည်အရင်းကတော့ ဆောင်းနှင်းပါ။ ကျွန်မက ဆောင်းရာသီမှာ မွေးလာလို့တော့ မသိဘူး အအေးဓာတ်ကို တော်တော်ကြိုက်တယ်။ ရေခဲမုန့်လည်း ကြိုက်တယ်။ကျွန်မကတော့ ရှင်းတယ်။ အခုထိ တစ်ကိုယ်တည်းကောင်မလေး။
Single is the best ဆိုပြီး
အော်အော်နေရတဲ့ကောင်မလေးပေါ့ရှင်။

----------------------------
နွေရာသီရဲ့လမ်းလေးတစ်ခုအပေါ်
ဆံပင်ရှည်လျားလေးနဲ့ ငယ်ငယ်ရွယ်ရွယ် ဝမ်းဆက်လေးနဲ့ လေတစ်ချက်ဝှေ့လိုက်တိုင်း ဆံပင်လေးလွင့်ကာ ခြေတစ်လှမ်းချင်းလှမ်းလာသည်မှာ
ဆောင်းပင်ဖြစ်လေသည်။
နွေရာသီရဲ့လေရူးလေးတွေက
ဆောင်း​၏အလှထက်မှာ ရစ်မူးနေလေသည်။

ဆောင်းလည်း အဆောင်မှာနေရသည်မှာ
ပျင်းရိလွန်း၍ လမ်းလျှောက်ထွက်လာခြင်းသာ ဖြစ်လေသည်။

နွေဦးမှာ တာယာနေမကောင်းသဖြင့် ဆေးဝယ်ရန်
စက်ဘီးလေးနှင့်ထွက်ခဲ့လေသည်။
နွေဦးတစ်နေရာရောက်သောအခါ
ကြက်သေသလို တနေရာတည်းကို ငေးကြည့်မိလေသည်။
ထိုနေရာမှာ ------------

          အပိုင်း(၂)လေးစောင့်ပေးကြပါ😢🙏🌷
            ဖတ်ရှုမှုအပေါ်ကျေးဇူးတင်ပါတယ်

      #Xio

နွေဦးရဲ့ဆောင်း🌷(Nway Oo's Saung)Where stories live. Discover now