<Unicode>
ရိပေါ် meeting ပြီးသွားတော့ ရုံးခန်းထဲ ပြန်လာရင်း ပင်ပန်းစွာလှဲချလိုက်မိတယ်။necktieကို ဖြေလျော့လိုက်ကာ မျက်လုံးမှိတ်ထားပြီး အနားယူနေမိတယ်။တံခါးခေါက်သံထွက်လာတာမို့ ဝင်ခဲ့ဖို့ပြောတော့ ဝင်လာတဲ့သူက အတွင်းရေးမှူးလီ..Li Yibing..။
' ပင်ပန်းတယ်မလား CEO ဝမ်..သံပုရာရည်သောက်လိုက်အုံး..´
' ကျေးဇူးပဲကျဲ..ကျနော့်ကို ဒီတိုင်း..ရိပေါ်ခေါ်လည်းရပါတယ်..´နာရီတချက်ကြည့်ပြီး.. အတွင်းရေးမှူးလီကို မှာစရာရှိတာမှာပြီးထွက်လာခဲ့တယ်။ဘေဘီ သင်တန်းဆင်းချိန်ရောက်နေပြီလေ...။
လမ်းမှာ Strawberry milk tea ဝယ်ခဲ့ဖို့လည်း မမေ့ဘူး။ကျောင်းပိတ်တာတောင် မိဘအိမ်ကို ပြန်မလိုက်ဖြစ်တဲ့ ကောင်လေး..။ရှောင်းမာမားက ပြန်မလိုက်ဘူးပြောတဲ့ကောင်လေးကို " သားကိုကိုနဲ့ မခွဲနိုင်လို့မလား "မေးတော့ ဘာမှပြန်မပြောဘဲ ပြုံးနေခဲ့သေးတာ။ဘာပဲပြောပြော ဒါက..ဒီကောင်လေးရဲ့ ကိုယ့်အပေါ်တွယ်တာမှုကို ပြတာမဟုတ်လား..။
ရိပေါ်ရောက်တော့ ကောင်လေးအပြင် နောက်ထပ်သုံးယောက်..။ကြည့်ရတာ ကူစောင့်ပေးနေပုံပဲ..။ရိပေါ်ကားရပ်ကာ ထွက်လာတော့ သူ့သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး ရိပေါ်ဆီအပြေးရောက်လာတယ်။
' ကိုကို..´
' စောင့်နေတာကြာပြီလား ဘေဘီ..´
' ဟင့်အင်း..´Lover seat မှာဝင်ထိုင်တော့ ရိပေါ်က အလိုက်တသိ ခါးပတ်ပေးရင်း ပါးပြင်လေးတဖက်ကို မွှေးကြူတော့ မျက်စောင်းတချက်ထိုးတယ်။
' အခွင့်အရေး သိပ်ယူတတ်တာပဲနော်..´
' အဖိုးအခယူတာလေ..အင့်..´milk tea ဘူးကို အသင့်ဖောက်ပြီးပေးတော့..ဟီးခနဲတချက်ရယ်တယ်။လိုချင်တာရရင် ကျေနပ်နေတာပဲ..။
'ကျနော့်သူငယ်ချင်းတွေကလည်း ခုနက လိုက်ပို့မယ် ပြောကြသေးတယ်..သူတို့ကိုကော လိုက်ပို့ပေးရင်..ခုန ကိုကိုလုပ်သလို..ကျနော် အဖိုးအခပေးလို့ရတယ်မလား..´
နဂါးမျက်စောင်း ဒိုင်းခနဲရောက်လာတာမို့ ရှောင်းကျန့်ကိုယ်လေး တွန့်ခနဲဖြစ်သွားရတယ်။ရှောင်းကျန့်အသည်းက နုနုလေးရယ်..။
VOCÊ ESTÁ LENDO
Hăo Jiŭ Bù Jiàn(好久不见)(Completed )