Part 1

53 3 6
                                    

Th- အာ သူတို့နဲ့က အခန်းတူပြန် ပြီလား

အလယ်တန်းဒုတိယနှစ်မှာ အတန်းထဲဝင်ဝင်ချင်းမြင်လိုက်ရသော ယွန်းအာ တို့အုပ်စုကို မြင်မြင်ချင်း ထယ်ယောင်း စိတ်အားငယ်သွားသည်။ သူတိူ့အဖွဲ့က စာလည်းတော် ချမ်းလည်းချမ်းသာတော့ တစ်တန်းလုံးအပေါ်လည်းမောက်မာသည်။ ထိုအထဲတွင် ထယ်ယောင်းအပေါ်ဆို ပို၍ပင်ဆိုးသေးသည်။ ထယ်ယောင်းသည်လည်းသူတို့နည်းတူ စာတော်သောကြောင့် ထယ်ယောင်းကို ကြည့်မရကြ။မူလတန်းကတည်းကပင်ပိုက်ဆံမရှိ၍ဝိုင်း၍နှိမ်ကြသည်။သို့သော် ထယ်ယောင်းသည်လည်းခေသူမဟုတ် ဘယ်လောက်ပဲနှိမ်နှိမ်စာကိုသာတအားကြိုးစားပြီး ဂရုမစိုက်ဟန်ဖြင့်ခပ်ချေချေသာနေခဲ့သည်။

Jimin- ထယ်ယောင်းရေ ဒီတစ်ချိန်ပြီးရင် ငါတို့ မုန့်စားဆင်းပြီ။ မင်းဘာစားချင်လဲထယ်ယောင်း။

Th- မစားတော့ပါဘူးကွာ။ငါဒီနေ့မုန့်ဖိုးမပါဘူး။ အိမ်ကတော့မုန့်ယူလာတယ်။

Jimin- အာ မင်းကလဲ ငါဝယ်ကျွေးမှာပေါ့။ကန်တင်းသာလိုက်ခဲ့ပါကွာ ဘာဂါစားကြမယ်လေ ဟီးဟီး

Th- ဟွန်း သူ့crushကြီး ကြည့်ချင်လို့ကန်တင်းသွားချင်တာများ

Jimin- ဟာ ထယ်ထယ်လေးကလည်း Yoongi sanbaeကို ဒီတိုင်းခင်တာပါ

Yoongi က ထယ်ယောင်းတို့ထက် နှစ်နှစ်ကြီးတဲ့ အလယ်တန်းနောက်ဆုံးနှစ်‌။

Th- အင်းအင်း ယုံပေးလိုက်မယ်နော် Jiminieရေ

ကန်တင်းလည်းရောက်ရော Jimin မုန့်သွားယူနေတုန်း ယွန်းအာတို့ အုပ်စုကရောက်လာတယ်။

ယွန်းအာ- Kim Taehyungနင့်မှာ ပိုက်ဆံဘယ်လောက်ပါလို့ဒီနားလာထိုင်ရဲတာလဲ

အသံကြားရတော့ ထယ်ယောင်းလည်းကြောင်သွားပြီးထပြီးလှည့်အကြည့် ဖြန်းခနဲ ရင်ဘတ်ပေါ်ပူထူသွားသည်။

ယွန်းအာ- ဟယ်sorry မတော်တဆဖိတ်သွားတယ် နဂိုကမှ အကျီအမွဲ ‌အခုကော်ဖီတွေစွန်းနေတော့ အမလေးမြင်ရတာကို ဆင်းရဲသားအနံ့ကိုနံနေတာပဲ

ထယ်ယောင်းမှာ ဒေါသများထွက်လွန်းကာဘာမှမပြောနိုင်ပဲ မျက်ရည်တွေဝဲလာကာ ထွက်ပြေးသွားသည်။Jiminကတော့ ယွန်းအာ အားပက်ပက်စက်စက်ပြောကာ လက်ထဲမှ ရေဘူးဖြင့်ပြန်ပက်ခဲ့ပြီး ထယ်ယောင်းနောက်လိုက်သွားသည်ကို ပြုံးပြုံးကြီးကြီးနေတဲ့လူတစ်ယောက်ရှိခဲ့လေသည်။

Adorable Kim's Jeon Where stories live. Discover now