Part-22စိန်ခေါ်တာလား/စိန္ေခၚတာလား?

8.7K 1.2K 23
                                    

Unicode

အလှလေး၏ အလိုတော်ကျအတိုင်း ယခုဆို နှစ်ဦးသားမှာဖြင့် ကုတင်အကျယ်ကြီးအထက်မှာ မျက်နှာချင်းဆိုင် အနေအထားအတိုင်းဘဲ ထိုင်လျှက်သား ရှိနေခဲ့ကြပြီ။တစ်ဦးမျက်နှာကို တစ်ဦးက စေ့စေ့ ကြည့်နေရင်း နေရာလက်ပင် မကျန်စေရ မြတ်နိုးစိတ်လေးတွေကိုယ်စီနှင့်ဘဲ နှလုံးသား၏ သည်းခြေအညှာထဲအထိကို မှတ်သားနေကြပုံများ မြင်ရသူတို့၏ နှလုံးသားကိုတောင် ပျားရည်မကူဘဲ ချိုမြိန်စေလိမ့်မည်။

အလှလေး၏ ဖယောင်းသားနှင့် အထုဆစ်ခံထားရသည့်အလား ထင်မှတ်ရမတက် လှပနိုင်လွန်းသည့် လက်ချောင်း ဖြူသွယ်သွယ်လေးများက ဖူးယာ၏ မို့ဖောင်း ဖုအစ်နေခဲ့သည့် ဖားပြုပ်ဖြူ လက်အုအုလေး နှစ်ဖတ်ကို ညင်သာ နူးညံစွာ ဆုတ်ကိုင်ထားလျှက် ရှိသည်။နှစ်ဦးသား၏ အပြုံးများက အဓိပ္ပါယ်မတူပေမဲ့ မြက်နိုးမှုများ ယိုဖိတ်နေသည့် မျက်ဝန်းကိုယ်စီဖြင့် တစ်ယောက်ကိုတစ်ယောက် ကြင်နာစွာ ကြည့်နေကြသည်ဆိုသည့် အချက်ကတော့ဖြင့် ဆန်းပြားစွာကို ထပ်တူညီနေခဲ့သည်။

သူ့အတွက် ဒီကမ္ဘာပေါ်မှာ အထူးခြားဆုံး လူသားလေး ဖြစ်သည့် ချွေ့ဖူးယာကိုဘဲ ဦးစားပေး ဆန္ဒလိုက်လျောသည့် အနေဖြင့်လည်း ချင်းလန်ရင်းက စတင်ကာ စကားဆိုပေးလိုက်သည်။

"ဖူးယာ...ငါ့ကို အရမ်းသတိရတာဘဲလားဟင်?''

အလှလေး၏ စကားအဆုံးမှာဘဲ ဖူးယာကလည်း သူ၏မချင့်မရဲ ဝန်ခံမှုလေးကို စတင်လေသည်။ဤသည်ကလည်း ''ဒဏ်ရာမရခင် ပတ်တီးလိပ်ဆောင်ထားရ”ဆိုသည့် စကားလို အကာကွယ်တစ်ခုအနေဖြင့်လို့ဘဲ ပြောရလိမ့်မည်လား?

"အင်း...သတိရတယ်...ကိုယ်မင်းကို တစ်လျှောက်လုံး ချစ်နေခဲ့တယ်ဆိုတာရော...မင်းလေးက သိတယ်မဟုတ်လားဟင်?''

အလှလေးက ဖူးယာ၏ မျက်ဝန်းဝိုင်းဝိုင်းလေးများကို အရေးတယူပင် စိုက်ငင်ကာ ကြည့်နေပေးခဲ့သည်။ညင်သာလှပသည့် အပြုံးနုနုလေးတစ်ပွင့်ကိုလည်း ယခုလို တူရှိနေရသည်မို့ ဖူးယာ၏ စိတ်နှလုံးလေး သက်သောင့်သက်သာ ဖြစ်စေရန်အလို့ငှာ သူ၏နှခမ်းအထက်မှာ အလိုက်သိစွာပင် နေရာချထားပေးခဲ့သည်။

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Hikayelerin yaşadığı yer. Şimdi keşfedin