{ UNICODE VERSION ■■■■}☆☆☆☆☆☆☆☆☆☆☆☆☆
တစ်ပတ်အတွင်း...မင်္ဂလာပွဲကိုစီစဥ်မည်ဖြစ်၍...နေမင်းခတစ်ယောက်...အလုပ်ရှုပ်နေသည်....။
လက်ရှိမှာတော့...လရောင်ခြယ်နှင့်အတူ...သတို့သမီးဝတ်ဆုံရွေးနေ၏....။
ဆိုင်ကပဲ ပစ္စည်းကောင်းသည်လား...။သူမကပဲ လှနေသည်လားတော့မသိ...။ဝတ်သမျှ ဂါဝန်တိုင်းနှင့်လိုက်ဖက်နေသည်...။
သူမနှင့်အတူ...တစ်နေကုန် မင်္ဂလာပစ္စည်းတွေဝယ်နေရသည်က...ရင်ခုန်စရာကောင်း၏...။
အပျော်တွေကလည်း အပြည့်...။"မင်းခ..."
"ဟင်..."
ပြုံးရွှင်နေသည့်သူမက...သွားလေးတွေပေါ်အောင် ရယ်လိုက်ပြီး...ပြောလာသည်...။
"ခြယ်လေ...အိပ်မက် မက်နေသလိုပဲ..အဟီး...အရမ်းပျော်တာပဲ...တစ်ခြားမိန်းကလေးတွေလည်း...ခုချိန်မျိုးဆို...အရမ်းပျော်နေမှာပဲနော်..."
"ဒါပေါ့..."
"ခြယ် ပိုပြီးဝမ်းသာရတာကလေ...ကိုဟန်ဇင်ခ ကစ်လေးတို့ကို နားလည်ပေးလိုက်တာကိုပဲ..."
နေမင်းခ....နှုတ်ခမ်းထက်မှ အပြုံးတို့..လွင့်ပျောက်သွားသည်...။
ဘေးမှာ လက်ကိုချိတ်ထားသည့်သူမကြောင့်..အရာအားလုံးကိုမေ့ကာ ပျော်နေမိပေမဲ့...ထိုကိစ္စကိုတွေးမိလျှင် ရှုပ်ထွေးရပြန်သည်....။
လရောင်ခြယ်ပျော်နေလျှင်...ကိုယ်တိုင်လည်း အေးချမ်းရသည်ကိုသိလျှက်...ဘာကြောင့်များ..ဟန်ဇင်ခကိုပဲ တွေးနေမိပါလိမ့်....။နေမင်းခ ခေါင်းထဲတွင်...ရုတ်တရက်ကြီး...အတွေးပေါင်းစုံဝင်လာတော့၏....။
<<<ဘဝတစ်လျှောက်လုံးမှာ ငါကိုကြီးကိုဆုံးရှုံးရမှာအကြောက်ဆုံးပဲ...တွေးတောင်မတွေးခဲ့ဘူး...အခု..အခု ခြယ်...ငါ ခြယ့်ကိုဝမ်းနည်းအောင်လဲမလုပ်ရက်ဘူး...သူမကသိပ်ကိုဖြူစင်တယ်...ဒါပေမယ့်...ငါချစ်တာ..ကိုကြီး...ကိုကြီးရှိရင်ပြည့်စုံတယ်..ဟုတ်တယ်...ပြည့်စုံပြီ..>>>
"မင်းခ..!!"
စိတ်မရှည်စွာ ထွက်ပေါ်လာသည့်အသံကြောင့်...နေမင်းခလှည့်ကြည့်တော့...မျက်စောင်းထိုးကာ...နှုတ်ခမ်းဆူနေသည့် သူမ.....။
ESTÁS LEYENDO
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............