Unicode
သူ၏လည်တိုင်ကို ဝက်ပေါက်လေးတစ်ကောင်က နှုတ်ခမ်းအိဖူးဖူးလေးဖြင့် လိုက်လံကာ ထိုးဆွပစ်နေခဲ့သလိုမျိုး။အနှီအိမ်ရှေ့စံပေါက်စလေး၏ အလိုတော်ကျအတိုင်းသာ ချင်းလန်ရင်းက ငြိမ်ခံနေပေးလိုက်ပါသည်။ယနေ့ည ဖူးယာ၏ မည်သည့်အပြုမူများကိုမဆို ချင်းလန်ရင်းက အမှန်တကယ်ကို ကျေနပ်စွာ ခံယူပေးလိုက်တော့မလို့ ဖြစ်သည်။
အလှလေး၏ ပေါင်ရင်းပေါ်အထိ တက်ခွထိုင်းထားရင်း လည်ပင်းနေရာကိုသာ တတိတိနှင့် လိုက်ကိုက်လိုက် ထိုးဆွလိုက်လေး လုပ်နေခဲ့ရုံ ဖူးယာမှာလည်း လက်ရှိအနေအထားကိုဘဲ သူအလိုချင် အတောင်းတခဲ့ဆုံးသော ''စားဘဲ ဝံပုလွေကြီး”အနေအထားဟု တစ်ဆုံး မှတ်ယူထားပုံရသည်။
အမှန်စင်စစ်ကတော့ ဝက်မေမေကြီးထံမှ တပြွတ်ပြွတ်နှင့် အငမ်းမရ ချိုချို လိုက်တောင်းစို့နေရှာသည့် ဝက်ပေါက်ကလေးတစ် ကောင်အလား...အင်မတန်မှကို ကျေနပ်ကာ သာလည်း သာယာနေရှာလေသည်။
ချင်းလန်ရင်း၏ လက်များကတော့ ဖူးယာ၏ ခါးသိမ်သိမ်လေးတစ်လျှောက်မှ တုန်ခဲနေခဲ့သည့် မက်မွန်သီးပြောင်ပြောင်လေး နှစ်လုံး ရှိရာကိုသာ အတားအဆီးမရှိစွာနှင့် လျှောဆင်းသွားခဲ့လေရင်း သဘောတကျပင် စတင်၍ ပွတ်သပ်ကာလည်း ဆုတ်နယ်ပစ်နေခဲ့ပြီ။တဆက်တည်း အင်္ကျီထဲအထိပါ တိုးဝင်သွားခဲ့ရင်း အဆင့်တက်ကာလည်း ဖူးယာ၏ ကျောပြင်တစ်လျှောက်ကိုပင် ရမ္မက်ဆန်စွာနှင့် ပွတ်သပ် ထိတွေ့နေခဲ့ပြန်ပါသည်။
နဂိုကတည်းက ကြီးမားလွန်းနေခဲ့သည့် ဝတ်စုံဖြစ်သည်မို့လည်း ယခုတော့ အလှလေး၏ အနုကြေ ခြေချမှုအောက်တွင် ဖူးယာ၏ ခန္ဓာကိုယ် အပေါ်ပိုင်းလေး တစ်ခုလုံးက ဗလာကျင်းမက ဟာလာဟင်းလင်းလေးပါ ဖြစ်နေရှာခဲ့ပါပြီ။အနှီလူရမ်းကား အိမ်ရှေ့စံလေးသည်ကား အသားအရည်လေးကအစ လရောင် တို့ဖူးတုံးလေးကဲ့သို့ အိတုန်တုန်လေး ဖြစ်နေလေသည်။
ကိုယ်ခန္ဓာ အပေါ်ပိုင်းတစ်ခုလုံးကပင် အဝတ်မကပ်တော့သည်ကို ယခုအချိန်အထိ သူ၏အဝတ်မကပ်တော့သည့် ခန္ဓာကိုယ်ကြီးအပေါ်၌ အားရုံမရသေး။အလှလေး၏ လည်တိုင်းနှင့် ပုခုံးသားလေးများ၏ အပေါ်က သူ၏မမှန်မကန်အနမ်းများကိုသာ ယုံကြည်ချက်ရှိရှိနှင့် ရှေ့ဆက်နေသည်။
VOUS LISEZ
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Fiction HistoriqueCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...