ရှောင်ကျန့်ဆိုတဲ့ လူကြီးကို စစ်မေးခန်းထဲ ထည့်ထားလိုက်ပြီး~~
"စစ်ကျွေး~~ သူ့ကို ခန ထိန်းသိမ်းထားလိုက်~~ ငါ ကျင်းရီလေးကို နေ့လည်စာ သွားပို့လိုက်အုန်းမယ်~~ တစ်လက်စတည်း သေဆုံးသူရဲ့ တာဝန်ခံ CEO ရဲ့ အကြောင်း အကုန်စုံစမ်းထား~~ အခု ဘယ်မှာရှိနေတာလဲ အစ~~~ဖြစ်နိုင်ရင် တစ်ခါထဲ ဖမ်းဝရမ်း လျှောက်ထားလိုက်~~"
"အားယား~~ ရိပေါ်ကောရာ~~ ဖြေးဖြေးခိုင်းစမ်းပါ~~ "
"🤨🤨~~"
"လုပ်~~ လုပ်ပေးမှာပါကောကလဲ ~~ အာ့လိုကြီး မကြည့်ပါနဲ့~~ ဒါနဲ့ ကျင်းရီလေးကို ဒီအားလပ်ရက် သူ့ဆီ လာလည်ပါ့မယ်ပဲ ပြောပေး~~"
"ဒါပဲမလား~~ ဟိုအခန်းထဲက ခပ်ကြောင်ကြောင် လူကြီးကို သေချာကြည့်ထား~~"
"ရက်စ်~~ဆား~~"
"ရုပ်ကိုက~~"
စပ်ဖြီးဖြီးနဲ့ စစ်ကျွေးက အလုပ်မှာတော့ စိတ်ချရပါတယ်~~~ဌာနတစ်ခုလုံးမှာလဲ ကျတော်တို့အဖွဲ့က လူငယ်တွေချည်း စုသလို ဖြစ်နေတာ~~
လုပ်သက်မရင့်သေးပေမယ့် သွက်လက်ပြီး ထူးချွန်ကြသူတွေချည်း
အထက်တန်းကျောင်းတက်နေတဲ့ ကျင်းရီကို နေ့လည်စာဗူး ပေးပြီး စစ်ကျွေး မှာတာပြောတော့ ထခုန်မတတ်ပျော်နေတယ်~~
တယ်လဲ လိုက်ပါဘိ စပ်စလူး နှစ်ယောက်
အလုပ်ကိစ္စတန်းလန်းမို့ မှာစရာရှိတာမှာပြီး ဌာနကို အမြန်ပြန်ပြေးရပြန်သည်
"ကောရိပေါ်~~ ဒီမှာ~~ဒီမှာ~~ CEO ဆိုတဲ့ ချောင်လုံက မူးယစ်ဆေး သုံးစွဲလို့ တရားစွဲခံရဖူးတယ်~~"
"နည်းနည်းတော့ ဆက်စပ်မိပေမယ့် သက်သေလိုနေသေးတယ်~~"
"အဟမ်း~~အဟမ်း~~ ကျတော်က ဘယ်သူမို့လို့လဲ~~"
စပ်ဖြဲဖြဲပြောနေသောကြောင့် ခပ်စူးစူး အကြည့်တစ်ချက်ကို ပေးတော့ လက်ထဲက ကွန်ပျူတာကို
တတောက်တောက် ခေါက်ရင်း သက်သေအချို့ရဲ့ပုံကို ပြလာတယ်"လုပ်ကြံသူစီးလာတဲ့ ကား နံပါတ်ကို ခြေရာခံတော့ နာမည်ရှိဖူးတဲ့ မြေအောက်ဂိုဏ်းသားတစ်ဦးရဲ့ ကားဖြစ်နေတယ်~~ မသင်္ကာလို့ ဆက်စုံစမ်းကြည့်လိုက်တော့~~ဘယ်သူ့ဟာလို့ထင်လဲ~~😏😏"