ကြွေကာပျက်စီး~~
#one_shot (Taoris)
#Tao_Pov
ပြာလဲ့လဲ့မီးရောင်လေးထွန်းလင်းနေသောအခန်းငယ်လေးတစ်ခုအတွင်းမှကောင်လေးတစ်ယောက်ရဲ့ရှိုက်သံ
သဲ့သဲ့လေးထွက်ပေါ်လာလေသည်~~
ရှိုက်သံတစ်ခု!!!!!!
ဟုတ်ပါတယိ နာနာကျင်ကျင်ငိုကြွေးမိရာမှထွက်ပေါ်လာခဲ့တဲ့ရှိုက်သံလေးတစ်ခုပါ~~~
ထိုကောင်လေးရဲ့ရှေ့မှာချထားတဲ့ Diaryစာအုပ်လေးကလည်းအခုအချိန်မှာတစစီစုတ်ပြဲလို့…………………
အမှန်ဆို ဒီလိုချမ်းအေးလွန်းတဲ့ရာသီဥတုမှာHaung Zi Taoဆိုတဲ့ကျွန်တော်ကကျယ်ပြန့်တဲ့Yi Fan Ge
ရဲ့ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေးရှိနေရမှာလေ ဒါပေမဲ့ လက်တွေ့မှာတော့ ဆိတ်ငြိမ်လွန်းတဲ့ ပတ်ဝန်းကျင်မှာ
သက်ရှိလူသားဆိုလို့ ကိုယ်တစ်ယောက်တည်းဖြစ်နေလေတယ် မှေးစက်နေကျ Geရဲ့ရင်ခွင်နွေးနွေးလေးကလည်း အခုဆို တစ်ပါးသူတစ်ယောက်ကို အနွေးဓာတ်တွေပေးစွမ်းနေလောက်ပြီ တစ်ချိန်တုန်းက Taoဆိုတဲ့ပျော့ညံ့ညံ့
ကောင်လေးတစ်ယောက်အစားပေါ့~~ Geရဲ့နှုတ်ခမ်းတစ်လွှာထက်က'Pandaလေး´လို့ ခေါ်နေကျ
နေရာမှာ'Yeollieလေး´ဆိုတဲ့နာမ်စားတစ်ခုကအပိုင်စားယူသွားခဲ့ပြီ~~နောက်ဆုံးတော့ Taoလို့ခေါ်တဲ့
ခပ်ညံ့ညံ့ကောင်တစ်ကောင်ကိုGe အထင်ကြီးလွန်းတဲ့ ကိုယ်ပိုင်အစွမ်းအစတွေအပြည့်ရှိတဲ့ ချောမောခန့်ညား
လွန်းတယ်လို့ Geပြောနေကျ Yeollieဆိုတဲ့ လူက အပြီးအပိုင်နှင်ထုတ်လိုက်ပြီလေ!!!တစ်ခုတည်းသော
ပိုင်ဆိုင်မှုဖြစ်တဲ့ Yi Fan Ge ရဲ့နှလုံးသားထဲက မောင်းထုတ်ပြီးတော့ပေါ့!!!
ပါးပြင်ပေါ်လိမ့်ဆင်းကျလာတဲ့ မျက်ရည်စက်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်မိတယ်~~
ဟင့်အင်းး ကျွန်တော်မငိုချင်ဘူးး ကျွန်တော့်ကို လက်ပြချန်ထားရက်ခဲ့တဲ့လူတစ်ယောက်အတွက်နဲ့………