We Were In Love [Unicode]

3.9K 219 12
                                    


မျက်စိရှေ့ကကိုယ်လုံးပေါ်မှန်ကြီးထဲ မြင်နေရတဲ့ ကိုယ့်ပုံကိုယ်ကြည့်ပြီး သဘောအကျကြီးကျနေမိသည်။
ဆီနဲ့သေချာဖြီးလိမ်းပြီး အနောက်ကိုပြန်သပ်တင်ထားသော ဆံပင်။
ကျဉ်းလည်းမကျဉ်း၊ ကျယ်လည်းမကျယ်သော
နဖူး၊ နှာတံချွန်ချွန်နှင့် ယောက်ျားပီသသော Jaw Line ကအဆုံးသတ်သည်။

အဖြူရောင်ရှပ်အင်္ကျီအပေါ်ကနေ အမည်းရောင်ကုတ်အရှည်ကိုထပ်လိုက်ပြီး ဂျင်း‌ဘောင်းဘီကို ခါးပတ်ပတ်ပြီးတဲ့နောက်မှာတော့ မှန်ပေါ်က ကိုယ့်ရဲ့ပုံရိပ်က ပြည့်စုံလျက်။

"ပြည့်စုံသွားပြီ.......။"

ထို့နောက် စားပွဲပေါ်တင်ထားသော ခရမ်းရောင်ပန်းစည်းလေးကိုယူကာ အပြုံးကြီးပြုံးလိုက်မိသည်။
ပန်းစည်းထဲက ပန်းလေးတွေကြား တစ်ယောက်သောသူအတွက် ရည်ရွယ်ထားသော လက်စွပ်လေးတစ်ကွင်းက တလက်လက်နှင့်။

"လက်စွပ်လေးရေ.... မင်းရဲ့ပိုင်ရှင်လောင်းလေး ငါ့ရဲ့အချစ်ကိုလက်ခံပေးဖို့ ဝိုင်းပြောပေးဦးနော်..."

မှန်ထဲကကိုယ့်ပုံကို တစ်ချက်ကြည့်ပြီးနောက် အခန်းထဲကနေပြုံးပြီးထွက်လာလိုက်တော့သည်။
ချစ်ရသူကို ချစ်ကြောင်းဖွင့်ပြောရမယ်ဆိုတဲ့အတွေးနဲ့ ဒီနေ့ကတော့ ကိုယ့်အတွက် မြင်မြင်သမျှ ပျော်စရာတွေကြီး။

"သား....ဂျောင်ကု... ဖေဖေ သားကိုပြောစရာရှိတယ်...."

အခန်းထဲ‌ကနေထွက်လာတော့ ဧည့်ခန်းမှာထိုင်နေသောအဖေ့ဆီကစကားသံ။
အချိန်လည်းစောနေသေးတာနဲ့ အဖေ့နားသွားထိုင်လိုက်သည်။

"အဟင်း.... ငါ့သားက ပန်းစည်းတွေဘာတွေနဲ့ ရည်းစားရနေပြီလား....?"

"အာ....အဖေကလည်းအရမ်းအထင်မကြီးပါနဲ့၊ ကျွန်တော် ဒီနေ့မှဖွင့်ပြောမလို့ပါ၊ ဒါနဲ့ အဖေပြောစရာရှိတယ်ဆိုတာ ဘာလဲဟင်...?"

"အဖေ့စကားက ရုတ်တရက်ကြီးဖြစ်သွားမယ်ထင်တယ်....အဖေ နောက်အိမ်ထောင်ပြုတော့မယ်၊သား..."

မထင်မှတ်ထားသော အဖေ့ရဲ့စကားကြောင့် အံ့ဩမိသွားသည်မှာအမှန်။
ဒါပေမယ့် သေချာစဉ်းစားကြည့်ပြန်တော့လည်း ကိုယ့်ကိုမွေးပြီးပြီးချင်း မီးတွင်းထဲမှာပဲ ဆုံးပါးသွားတဲ့အမေ့ကို အဖေက ကိုယ့်တစ်သက် အနှစ် နှစ်ဆယ်လုံးလုံး သစ္စာမပျက်ဘဲ နေခဲ့တာ။

We Were In Love [One Shot] √Where stories live. Discover now