Dora ကိုရီးယား ဆိုးလ်မြို့ကိုရောက်နေတာ ၂လခွဲခန့်ရှိနေပြီ..။
Dora ရောက်လာရခြင်းအကြောင်းက တက္ကသိုလ်တတ်ဖို့ဆိုပေမယ့် အဓိက ရင်ထဲရှိတာကတော့ Idolတွေကိုတွေ့ရဖို့ပါပဲ..
Dora က EXO L အထူးသဖြင့် XBACKလေးပေါ့ ။
ဒါပေမယ့် တစ်ခါမှလဲဆုံဖို့မကြိုးစားကြည့်ရသေးဘူး..။
ဒီမှာကျောင်းတတ်ဖို့ အိမ်ကို အတင်းတိုက်တွန်းပီးပြောထားရတာမို့ ရလဒ်ကောင်းကောင်းရအောင်လဲ Doraကြိုးစားရသေးတယ် ။အိမ်ကပို့တဲ့ငွေနဲ့တင်မဟုတ်ပဲ ဒီမှာလဲ အချိန်ပိုင်းအလုပ်တွေလိုက်ရှာလုပ်ပီး ပိုက်ဆံစု ကျောင်းတက်လုပ်ရတာ Doraအဖို့သိပ်တော့မလွယ်ကူလှ..။
ဒီနေ့တော့ အချိန်ပိုင်းအလုပ်က ပိတ်တာမို့ Dora ဟန်မြစ်ကမ်းဘေးမှာ ထိုင်ရင်းလေညှင်းခံ ကာ EXO ရဲ့
Promiseဆိုတဲ့သီချင်းလေးကို ဖုန်းနဲ့ဖွင့်နားထောင်ရင်း မျက်လုံးကိုအသာအယာမှိတ်လို့သီချင်းကိုခပ်တိုးတိုးလိုက်ညည်းနေလိုက်တယ်..။ထိုစဥ်မှာပဲ Dora ဘေးကို လာထိုင်တဲ့ Maskနဲ့ အနွေးထည် အနက်ရောင်အထူကိုဝတ်ထားတဲ့ယောကျာ်းလေးတစ်ယောက်..။
ကိုရီယားမှာ က Mask တပ်တာက အဆန်းမဟုတ်တဲ့အပြင် ထိုလူရဲ့ပုံစံက လူကောင်းတစ်ယောက်လို့ ထင်ရတာမို့ Dora လဲ တစ်ဖက်ကိုပဲနည်းနည်းတိုးပေးပီး ဆက်ထိုင်နေလိုက်တယ်..။"ဒီမှာ ခင်ဗျ မင်းရဲ့ပိုက်ဆံအိတ်.."
တစ်ဖက်ကိုတိုးပေးရင်းက သူ့အနားလေးမှာကျန်ခဲ့တဲ့ပိုက်ဆံအိတ်လေးကိုလှမ်းပေးလာတဲ့ ထိုလူ..။
Dora ပြုံးပြလိုက်ပီးပိုက်ဆံအိတ်လေးကိုယူကာ အိတ်ကိုဖွင့်လိုက်တော့ အထဲက EXO group photoလေးက သဲပြင်ပေါ်ကို လွင့်ကာပြုတ်ကျသွားတယ်.။
Dora လည်း အသည်းအသန်ပြန်ကောက်လိုက်ပီး နူတ်ခမ်းလေးဆူလို့ ပုံလေးပေါ်ကသဲတွေကိုပွတ်သပ်ကာ သုတ်လိုက်ပီးပိုက်ဆံအိတ်လေးထဲအသာအယာလေးပြန်ထည့်လိုက်တယ်..။"သူတို့က မင်းအတွက်အဲ့လောက်တောင်အရေးကြီးတယ်ပေါ့... မင်း အဲ့လောက်ထိကြိုက်တာလား.."
"အာ ဟုတ်တယ် သိတယ်မလား ဒီအဖွဲ့ကို Dora က သူတို့ကို ၆တန်းထဲက သဘောကျပီးStanလာခဲ့တာလေ... Yixing ကိုတော့ ၇တန်းမှာ စပီး တစ်သတ်မတ်တည်းStanဖြစ်ခဲ့တယ်... Yixing ကိုအရမ်းသဘောကျတယ် သူ့ရဲ့ပြုံးလိုက်တိုင်းပေါ်လာတဲ့ပါးချိုင့်လေးတွေကိုရောပဲ.."
YOU ARE READING
A Day I Hope To Be💙
Fanfictionfanfiction❤ EXO L💙 EXO Lတိုင်း XBACKတိုင်းရဲ့ခံစားချက်နဲ့တိုက်ဆိုင်မယ်လို့ထင်ပါတယ်