ကလေးငယ်

4K 892 1
                                    

Unicode©

ဟွာဆန်းအထက်တန်းကျောင်းယူနီဖောင်း
အား ကြယ်သီးဖြုတ်ထားပြီး လက်တစ်ဖက်မှ
ဆေးလိပ်တိုကိုင်ထားသော မျက်လုံးဘေး၌ပလာစတာကပ်ထားသောကောင်လေးမှာ
သူ၏ရှေ့မှscreen ကိုကြည့်ရင်း အပြင်းအထန်ဆဲဆိုပြီး သွယ်လျလျလက်ချောင်းများမှာ
ကီးဘုတ်တစ်လျှောက် ရွေ့လျားနေလေသည်။

"Victory! !''

တစ်ဖက်ကစားသမားများအားအပြတ်အသတ်
အနိုင်ရပြီးသည်နှင့် အနောက်ကိုမှီချလိုက်ပြီး
ဆေးလိပ်တိုအားမီးသတ်လိုက်ပြီး သူ၏ဘေးမှ
အပေါင်းအပါများအားအသိပေးရုံပြောလိုက်သည်။

"ငါပြန်ပြီ''

"နေပါဦးကွာ..အစောကြီးရှိသေးတာကို''. .

တားမြစ်နေသေးသောစကားသံများကိုလျစ်လျူရှုလိုက်ပြီး ကျောပိုးအိတ်အားတစ်စောင်းလွယ်လိုက်ပြီး ခြေလှမ်းကျယ်ကျယ်မှန်မှန်ဖြင့်
ထွက်သွားလေသည်။

ထို​ကောင်လေးမှာ မကြာမီရွာချလာတော့မည့်မိုးအားစောင့်မျှော်ရင်း ကောင်းကင်အား အသက်မဲ့စွာမော့ကြည့်နေသည်။

ထို့နောက် ဘောင်းဘီအိပ်ကပ်မှ လေးထောင့်ဘူး
ထုတ်လိုက်ပြီး စီစီရီရီရှိနေသည့် ဆေးလိပ်အနက်မှ တစ်လိပ်ဆွဲယူလိုက်ပြီး မီးညှိလိုက်ကာ
တစ်ဖက်လမ်းမှတိုက်ကြီးများအား အမူအရာမဲ့စွာ
စိုက်ကြည့်နေလေသည်။

ကျောင်းချိန်ဖြစ်သော်လည်းကျောင်းအပြင်၌သာအလေလိုက်နေသော ကျောင်းယူနီဖောင်းဝတ်ထားသောကျောင်းသားတစ်ဦးဆေးလိပ်တိုအားကိုက်ချီလျက် အကျင့်ပျက်နေသည်အပေါ် လမ်းသွားလမ်းလာများ၏
စိတ်ပျက်သောအကြည့်များနှင့် အပြစ်တင်သောစကားများမှာခပ်တိုးတိုးတစ်ဖုံ ပေါ်တင်တစ်မျိုး
ကျိန်ဆဲနေကြသော်လည်း ထိုကျောင်းသားလေးမှာ
အရေးမစိုက်သော အမူအရာရှိဆဲပင်။

"အေးငါလာခဲ့မယ်'' ပြောပြီးသည်နှင့်
ဖုန်းအားပြန်သိမ်းလိုက်ပြီး ချိန်းထားသော
နေရာသို့အပြေးသွားလေသည်။

သူရောက်သောအချိန်၌ သူ့သူငယ်ချင်းများမှာ
တစ်ဖက်လူရမ်းကားများ၏အကန်အကျောက်ခံနေပြီဖြစ်သောကြောင့် ကျစ်တစ်ချက်စုပ်လိုက်ပြီး
ခေါင်းဆောင်အထင်ရသော လူတစ်ယောက်၏
ခေါင်းကို အရှိန်ပြင်းပြင်းနှင့် လမ်းဘေးမှကောက်ယူလာသောတုတ်ဖြင့်လှမ်းရိုက်လိုက်သည်။

ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi)Where stories live. Discover now