Unicode©
ကလေးငယ်နှင့်တွေ့ပြီးတဲ့နောက်ပိုင်း
ကောင်လေးက သူ့ပုံစံကိုစပြင်ခဲ့သည်။
တစ်နှစ်ပတ်လုံးကျောင်းပြေးရုံမက ပြသာနာပေါင်းစုံရှာတတ်သော ကျောင်းလူဆိုးလေးမှ
အစစအရာရာပြီးပြည့်စုံတဲ့ ကျောင်းသားတစ်ဦးအဖြစ်ပြောင်းလဲခဲ့သည်။ယခင်က ဂိမ်းဆိုင်၊ရန်ဖြစ်သည့်နေရာ၌သာတွေ့ရတတ်သောကောင်လေးမှာ
နိုင်ငံတကာ ကျောင်းပေါင်းစုံ၌ အဆင့်1စံပြကျောင်းသားတစ်ဦးအဖြစ် သတ်မှတ်ခံနေရပြီ။အိုးရန်အိမ်တော်၏အရှိန်အဝါနှင့် ကလေးငယ်အကြောင်း တစ်စွန်းတစ်စမှမကျန် စုံစမ်းနိုင်ခဲ့သော်လည်း လူလုံးထွက်မပြခဲ့
တစ်နှစ်ပြီးတစ်နှစ် ကြီးပြင်းလာသောကလေးကိုသာစောင့်ကြည့်နေရင်း ကုမ္ပဏီကိုဦးဆောင်နေခဲ့သည်။
"သူအတော်လေးစိတ်ရှည်ခဲ့တယ် အန်တီသာဆို
အချိန်အကြာကြီးမစောင့်နိုင်လောက်ဘူး''ငွေပေါက်အန်တီကြီးမှာ သူ့အားစေ့စေ့ကြည့်လာရင်း သူ့အားစကားတစ်ခွန်းပြောခဲ့သည်။
"သူစောင့်နေခဲ့တဲ့ကလေးငယ်က သားဘဲ''
ရှောင်မုကြက်သေသေနေပြီး ခက်ခက်ခဲခဲမေးခွန်းထုတ်လာလေသည်။
"အဲ့ဒီကျောင်းသားက လူကြီး မဟုတ်သေးဘူး
အိုးရန်စစ်ပေါ့''အန်တီကြီးမှာ ခေါင်းတစ်ချက်ညိတ်၍သာ
ထောက်ခံကြောင်းပြခဲ့သည်။အပူငွေ့ထွက်နေသော ပန်းကန်လုံးအား
သယ်လာသော အိုးရန်စစ် စားပွဲထံရောက်သည်နှင့်
အခန်းမှာထူးဆန်းစွာတိတ်ဆိတ်နေခဲ့သည်။"အိုး..ဝက်အသားလုံးလား''
"ဒီဒေါ်လေး အကြိုက်ကိုသိသေးတာဘဲ''"ဒေါ်လေး ဒီမှာဘယ်လောက်နေမှာလဲ''
"မင်းတို့ရဲ့ ကြင်စဦးအချိန်တွေကိုမနှောင့်ယှက်ချင်ပါဘူး စားပြီးတာနဲ့ပြန်မှာပါ''
အိုးရန်စစ် သူ၏ဒေါ်လေးနှင့်စကားပြောနေရင်း
ကောင်လေးအားကြည့်မိတော့ မဝေခွဲနိုင်သော
မျက်ဝန်းတစ်စုံမှာသူ့အားပြန်ကြည့်နေလေသည်။
YOU ARE READING
ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi)
RomanceTitle - 阿姨帶著錢來找我 Uni& Zawgyi ငါ့ကိုငွေနဲ့ပေါက်မယ့်အန်တီကြီးရောက်လာပြန်ပြီ ရှောင်မုဟာ တက္ကသိုသ်တစ်ခုမှာပန်းချီအနုပညာဘာသာ တက်ရောက်သင်ယူနေတဲ့ တကယ့်ကိုတကယ့်ကို သာမန်ကျောင်းသားတစ်ယောက်ပါ သို့သော် သူကျောင်းအနီးနားရှိ ကော်ဖီဆိုင်မှာ ထိုင်နေရင်း နေရင်းထိုင်...