END💙

5.2K 1K 65
                                    

Unicode©

မိဘထံမှခွင့်ပြုချက်ရပြီးသည်နှင့် ရှောင်မုအပြီးအပိုင် လူကြီးရဲ့ဗီလာမှာပြောင်းနေခဲ့သည်။

ငွေပေါက်အန်တီကြီးသည်လည်း
တစ်ပတ်တစ်ခေါက်သူ့အား ယွမ်10သန်းချက်လက်မှတ်လာပေးနေဆဲ
လူကြီးကို ချစ်ကြောင်းတစ်ခါမျှမပြောခဲ့သော်လည်း လူကြီးအလိုရှိသမျှ
သူလိုက်လျောပေးနေဆဲပင်။

သူကြီးပြင်းလာသည်ကိုထိုလူကြီး
စောင့်ကြည့်နေခဲ့သလို
လူကြီးအိုမင်းသွားသည်ကိုလည်းသူမြင်တွေ့နေခဲ့ရပြီ

ဖြူစွတ်နေသောဆံပင်တစ်ပင်ကနေ
တစ်ခေါင်းလုံးဖြူသွားသည်အထိ
သူစောင့်ကြည့်နေခဲ့ရပြီ ထိုခံစားချက်ကအတော်လေးဆိုးဝါးလွန်းသည်။

တိမ်ကင်းစင်ပြီးကျေးငှက်သံများတဂျီဂျီဖြင့်
သာယာလှပတဲ့မနက်ခင်းတစ်ခုမှာ
ရှောင်မု နာမည်ကြီးစားရေးဆရာတစ်ယောက်ရဲ့
ဝတ္တုတစ်ပုဒ်ကိုအသံနေအသံထားဖြင့်
ဖတ်ပြနေခဲ့သည်။

ဆေးရုံကုတင်ပေါ်မှ ခေါင်းတစ်ခုလုံးဖြူနေပြီဖြစ်သောလူကြီးထံမှအမေးစကားတစ်ခွန်းထွက်လာခဲ့သည်။

"ကိုယ့်ကိုချစ်ခဲ့လား''

သူပြန်မဖြေခဲ့ဘူး သေချာသည် သူဖြေလိုက်သည်နှင့် လူကြီးက သူ့အားထားသွားတော့မည်။
လူကြီးသိပြီးသားအဖြေတစ်ခုကို
သူပြန်မဖြေဘဲတင်းတင်းခံနေခဲ့သော်လည်း
လူကြီးသည်သူ့ဆီမှစွန့်ခွာပြီးထားရစ်နေခဲ့ပြီ။

ရုပ်ကလာပ်အားတင်းကြပ်စွာဖက်ထားရင်း
သူအာပေါက်မတတ်အော်ဟစ်နေခဲ့သည်။

"ကျွန်တော်ပြန်မဖြေခဲ့တာတောင် ခင်ဗျားဘာဖြစ်လို့ကျွန်တော့်ကိုထားခဲ့နိုင်သေးတာလဲ''


<"တစ်ခါတလေထုတ်ပြောစရာမလိုဘဲနဲ့တောင်
ချစ်ခြင်းကတကယ်ကိုလေးနက်နေခဲ့တယ်''>

Zawgyi©





ဖတ်ပြနေခဲ့သည်။


"ကိုယ့်ကိုချစ်ခဲ့လား''






🎉 You've finished reading ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi) 🎉
ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi)Where stories live. Discover now