Unicode©
သာယာသောမနက်ခင်းဖြစ်သော်လည်း
အိုးရန်စစ်အတွက်မူ အလွန်ခက်ခဲလှသောအချိန်အခါဖြစ်နေခဲ့သည်။
သူပြောသမျှစကားအခွန်းတိုင်းပြန်မဖြေဘဲ
သူ့ကိုသေလူသဖွယ်လစ်လျူရှုထားသော
ကောင်လေးအား အသည်းအသန်လိုက်ချော့နေပေသည်။ရှောင်မု မီးဖိုချောင်သွားလည်း လိုက်လာပြီးအီစီကလီပြောရုံမက
TV ကြည့်နေရင်လည်းဖက်လိုက် ပါးကိုနမ်းလိုက်လုပ်နေပြီး သူဘယ်နေရာသွားသွား
လိုက်ကပ်နေသောကြောင့် ရှောင်မုစိတ်ရှုပ်စွာ
အော်ချလိုက်သည်။"ခင်ဗျား ဘာအလုပ်မှမရှိဘူးလား ကျွန်တော့်ကိုဘဲဘာလို့လိုက်ရှုပ်နေတာလဲ''
ရှောင်မုအော်တာခံလိုက်ရသော လူကြီးမှာ
မျက်နှာငယ်ငယ်နှင့်ပြန်ဖြေလေသည်။"ကိုယ့်ကိုစိတ်ဆိုးမပြေသေးဘူးလား နောက်တစ်ခါလုပ်ရင် ကိုယ်အကြမ်းပတမ်းမလုပ်တော့ဘူး''
ရှောင်မု စိတ်တိုလျက်ထိုးကိုက်လာသောခေါင်းကို
ကိုင်ကာ"ဘယ်သူက အဲ့ဒီအကြောင်းပြောနေလို့လဲ..
အလုပ်မရှိဘူးလားလို့မေးနေတာ''"ကိုယ်ဒီနေ့ ကလေးနဲ့တစ်နေ့လုံးနေမှာ ''
ရှောင်မု ထိုလူကြီးအားမည်သည့်စကားမှမဆိုတော့ဘဲ ဒေါကန်လျက် ထမင်းစားစားပွဲ၌သွားထိုင်လေတော့သည်။
သူ၏ခါးမှအထိအတွေ့ကိုရသည်နှင့်
ရှောင်မု မျက်နှာထားတည်တည်နှင့်ပုတ်ထုတ်လိုက်ပြီး"ကျွန်တော့်ကိုမထိနဲ့''
ထိုအခါမှလက်ပြန်ရုတ်သွားပြီး သူ၏ဘေးသို့ထိုင်ခုံဆွဲလာကာ သူ့အားမဝံမရဲစောင့်ကြည့်နေလေသည်။
"အမေ့သားလေး..ဒီအမေကြီးပြန်လာပြီ''
တိတ်ဆိတ်နေသာအခန်းထဲ ကျယ်လောင်လှသော
မိန်းမကြီးတစ်ယောက်၏အသံထွက်လာသည်နှင့်
ရှောင်မုတွေဝေစွာ မီးဖိုချောင်အဝင်တံခါးဆီ
လှမ်းကြည့်လိုက်သည်နှင့် ထိန့်လန့်တကြီး
ထအော်မိလေသည်။"ငွေပေါက်အန်တီကြီး..!!!!!!!"
ရှောင်မုအိုးရန်စစ်ထံလူလိမ်ဆိုသည့်အကြည့်နဲ့
ကြည့်လိုက်ပြီး
YOU ARE READING
ငါ့ကိုငွေနဲ့ပေါက်မယ့် အန်တီကြီးရောက်လာပြန်ပြီ(Uni&Zawgyi)
RomanceTitle - 阿姨帶著錢來找我 Uni& Zawgyi ငါ့ကိုငွေနဲ့ပေါက်မယ့်အန်တီကြီးရောက်လာပြန်ပြီ ရှောင်မုဟာ တက္ကသိုသ်တစ်ခုမှာပန်းချီအနုပညာဘာသာ တက်ရောက်သင်ယူနေတဲ့ တကယ့်ကိုတကယ့်ကို သာမန်ကျောင်းသားတစ်ယောက်ပါ သို့သော် သူကျောင်းအနီးနားရှိ ကော်ဖီဆိုင်မှာ ထိုင်နေရင်း နေရင်းထိုင်...