" Hello မင်ဆူရေ ထတော့ အိပ်ပုတ်ကြီးမနေနဲ့ ဒီနေ့ Samက အစောကြီးဝင်မှာနော် အချိန်ရှိတယ် မေ့မနေနဲ့ဦး"
"ဟုတ်ပါပြီ ထယ်ယောင်းရယ် ကိုယ်ထပြီနော် မောင့်ကိုဖုန်းဆက်ပြီးနှိုးပေးတာကျေးဇူးကွာ မွ "
"မောင့်အတွက် ကင်မ်ချီထမင်းကြော်နဲ့ ရေညှိထမင်းလိပ်လေးလည်းယူခဲ့မယ်နော် ဪ မောင် စောစောလာနော် ကျတော်တစ်ယောက်တည်း စောင့်ချင်ဘူး"
"ဟုတ်ပါပြီ မောင်မြန်မြန်လာခဲ့မယ်နော် ချစ်တယ် "
"ဒါပဲနော် မောင် ပိုချစ်တယ်"
ထယ်ယောင်းလည်းပြောစရာရှိတာတွေပြောပြီ ထမင်းချိုင့်လေးပြင်ဆင်ကာ ကျောင်းသို့ထွက်လာခဲ့သည်။ ကျောင်းရောက်တော့လည်းထုံးစံအတိုင်း ထယ်ယောင်းပဲ စောရောက်နေသည်။
"မောင်ကတော့ဒီအတိုင်းပဲ"
တိုးတိုးလေးရေရွတ်ပြီးထိုင်နေကျနေရာလေးမှာပဲစောင့်နေလိုက်သည်။
အမှန်အတိုင်းဆိုရင် ထယ်ယောင်းသည် တစ်ယောက်တည်းထိုင်စောင့်ရမည့်အလုပ်ကိုမလုပ်ချင်။ ကျောင်းသားဘကျောင်းသူပါမကျန် ထယ်ယောင်း၏လှပမှုကို စားမတတ်ဝါးမတတ်မျက်လုံးကြီးများဖြင့် ကြည့်ကြသောကြောင့်ပင်။ ယောက်ျားလေးတစ်ယောက်ဆိုပေသည့် မိန်းကလေးများထက်ပင်ရှိသင့်သောအလှတရားများဖြင့် ပြီးပြည့်စုံအောင် ထုဆစ်ထားသော ပန်းပုရုပ်ထုလေးအလား လှပလွန်းလှသည်။အနက်ရောင်ဆံပင်ထူထူအုပ်အုပ်လေးအောက်က ဖြောင့်တန်းသော မျက်ခုံးမွှေး။ မြင့်မားသောနှာတံအဆုံးတွင် မှဲ့နက်လေးတစ်ခုက ထယ်ယောင်းရဲ့အလှကိုပိုပေါ်လွင်ပေးအောင်ထောက်ပံ့ပေးသည်။ ရီလိုက်တိုင်းမို့တက်သွားသောပါးပြင်လေးကလူတစ်ယောက်ကို ရူးလောက်စေဖို့ လုံလောက်သည်။ မိန်းကလေးတွေတောင်အရှုံးပေးရသည့် ခန္ဓာကိုယ်ကောက်ကြောင်း။ဆင်စွယ်ရောင်အသားအရည်နှင့် လက်သွယ်သွယ်များ။ တကယ်ပါ ယောက်ျားလေးတစ်ယောက်ကို လှတယ်လို့ ပြောဖို့မသင့်ပေမဲ့ ထယ်ယောင်းအတွက်ကတော့ လှတာထက်ကို ပိုခဲ့သည်။
Flash back
ထယ်ယောင်းမင်ဆူနှင့်ရည်းစားမဖြစ်ခင်မှာ ထယ်ယောင်းကိုလိုက်ကြသော ယောက်ျားလေးများနှင့် မိန်းကလေးများအများအပြားရှိသော်လည်း မင်ဆူ့ကိုပဲ ထယ်ယောင်းရွေးချယ်ခဲ့သည်။
YOU ARE READING
If I was your Man
FanfictionJeon Jungkook ထယ့်အတွက်လိုအပ်ချက်မရှိအောင် ကိုယ့်အချစ်တွေနဲ့အရာရာဖြည့်ဆည်းပေးချင်ခဲ့သူပါ Kim Taehyung ကျွန်တော့်ကိုတကယ်ချစ်တဲ့သူမရှိဘူး ကျွန်တော်ကချစ်သလောက် ကျွန်တော့ကိုပြန်မချစ်ကြဘူး ချစ်ခြင်းမေတ္တာကပူလောင်တယ် ကျွန်တော်အယုံအကြည်မရှိတော့ဘူး