"ထယ်ထယ်ရေ ငါ့လည်းကျွေးပါဦးကွာ"
"ရော့ ဒီမှာ ခင်များလေးအတွက်လည်းပါပါတယ် ကျုပ်ကိုဆူပုတ်ပြီးကြည့်မနေပါနဲ့"
"ဘယ်လိုလဲ အဆင်ပြောလားထယ်ယောင်း မင်းလူနဲ့"
"ပြေပါတယ် J hopeရဲ့ ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး ပြေရင်ပြီးတာပါပဲ"
"ငါ့လိုအိမ်မပိုင်တဲ့ လူကိုချစ်ပေးနေတာနဲ့တင်ကျေးဇူးတင်နေပါပြီ မင်ဆူကို တစ်ခါတလေ လေ ငါသု့ကိုအားနာတယ်သိလား သူချိန်းဖို့ခေါ်တိုင်း ငါသွားမတွေ့နိုင်တာကို သူလည်းတခြားသူတွေလိုပျော်ရွှင်တဲ့dateတစ်ခုလိုချင်မှာပဲနော် ဒါပေမဲ့လေ ငါအပြင်မထွက်ရဲဘူးဖြစ်နေတာ အပြင်ထွက်မပေးနိုင်လို့ သူ့အပေါ်တခြားအရာတွေအကုန် ငါဂရုစိုက်ပေးတာ ဟီး"
Tar's pov
Kim Groupရဲ့ တစ်ဦးတည်းသောဆက်ခံသူ ဖြစ်တဲ့အပြင် လိမ္မာလွန်းသောသားလေးမို့ဂရုစိုက်လွန်းသည်။အရမ်းကိုနွေးထွေးလွန်းလှတဲ့ family typeကလာတဲ့အတွက် လူတသ်ယောက်အပေါ်တွင် ခင်မိပြီ တွယ်တာမိပြီဆို အရမ်းဂရုစိုက်ပြီး စောင့်ရှောက်ပေးတတ်သည်။ Kim Groupအောင်မြင်ရသည့် အကြောင်းအရင်းထဲတွင် လက်ပေါ်တွင်မောက်မာအောင်ဆက်ဆံဘူးသည်ဆိုတာမရှိ မျှမျှတတ မေတ္တာဖြင့်အုပ်ချုပ်ကာ မှန်မှန်ကန်ကန်နေသည့်အတွက်ကြောင့်ပင် တခြားGroupများကပါ ရှိန်လည်းရှိန်သလို လေးလည်းလေးစားကြသည်။ Mr Kim နှင့် Mrs Kimက တစ်ဦးတည်းသော သားလေးမို့ စည်းကမ်းကြီးသလို အလိုလည်းလိုက်သည်။ အထက်တန်းမပြီးမချင်းရည်းစားမထားရဟုပြောထားသောကြောင့် ထယ်ယောင်းမှာ အခက်အခဲတွေ့နေသည်။ တစ်ဖက်ကလည်း ကိုယ်ချစ်ေနရသူ တစ်ဖက်ကလည်း မိဘစကားကို နားမထောင်ရင် မိဘတွေစိတ်ဆင်းရဲမှာလည်းကြောက်မိသည်။ မိမိကိုစိတ်ပျက်သွားမှာလည်းကြောက်မိသည်။ တစ်ခါလောက်လေးတော့ အရဲစွန့်ကြည့်ပြီး သူ့အနားနေခွင့်လေးရချင်မိသည်။ ထယ်ယောင်းအနေနဲ့ မင်ဆူ့ဘေးမှာ ထယ်ယောင်းမဟုတ်တဲ့ တစ်ယောက်နဲ့သာဆိုရင်ဆိူပြီး တွေးမိတဲ့အချိန်တွေမှာ ငိုခဲ့ရတဲ့ညတွေမနည်း။ ကံကြမ္မာက အခွင့်အရေးပေးသည်လားမသိ ဘောလီဘောပြိုင်ပွဲသွားတိုင်းထယ်ယောင်းတို့နှင့်အတူတူ မင်ဆူပါ ပါပါ လာသည်။ မင်ဆူလျှောက်ခဲ့တဲ့ခြေလှမ်းအတိုင်း ထယ်ယောင်းနောက်ကနေလိုက်လျှောက်ရင်း ရင်ခုန်ခဲ့ရသည်။ညတိုင်းနီးပါးစကားတွေပြောဖြစ်ခဲ့ကြပြီး မှတ်မှတ်ရရ မုန့်စားပွဲလုပ်တဲ့နေ့မှာ ထယ့်ကိုဖွင့်ပြောခဲ့သည်။ ထယ်တကယ်ဖွင့်ပြောတဲ့အချိန်ကျ ဘာလုပ်ရမှန်းမသိ။ ထယ့်ရဲ့ အိမ်မပိုင်တဲ့အခြေအနေနဲ့ တကယ်ချစ်သူထားရမည်ဆိုပါက ထယ်ချစ်ရသူအတွက်အားနာမိသည်။ မင်ဆူ့ကိုအကျိုးအကြောင်းပြောပြတော့နားလည်ပေးရှာသည်။ ဖွင့်ပြောပြီးခြောက်လအကြာမှ ထယ်အဖြေပြန်ပေးဖြစ်သည်။ အဖြေပေးတဲ့နေ့ကလည်း ထယ့်ပါးပေါ်ကိုတံဆိပ်ခတ်သွားသောမင်ဆူ့ကြောင့် ထယ့်မှာ တစ်ညလုံးအိပ်မပျော်။ တဖြည်းဖြည်းနဲ့ ထယ်တို့ချစ်သူသက်တမ်း နှစ်နှစ်ပြည့်ပြီးတဲ့နောက်မှာ မင်ဆူနှင့်ထယ်ယောင်းတို့ ခဏခဏရန်ဖြစ်လာကြတယ် ။
YOU ARE READING
If I was your Man
FanfictionJeon Jungkook ထယ့်အတွက်လိုအပ်ချက်မရှိအောင် ကိုယ့်အချစ်တွေနဲ့အရာရာဖြည့်ဆည်းပေးချင်ခဲ့သူပါ Kim Taehyung ကျွန်တော့်ကိုတကယ်ချစ်တဲ့သူမရှိဘူး ကျွန်တော်ကချစ်သလောက် ကျွန်တော့ကိုပြန်မချစ်ကြဘူး ချစ်ခြင်းမေတ္တာကပူလောင်တယ် ကျွန်တော်အယုံအကြည်မရှိတော့ဘူး