Part 3

23 3 0
                                    

"မောင် ထယ်တို့လမ်းခွဲကြစို့"

💜If I was your Man 💜
❤️Part 3❤️

(နိုင်ငံရေးအခြေအနေမကောင်းပေမဲ့ ဒါဒါလေးတို့စိတ်အပမ်းပြေအောင် updateလေးတွေပုံမှန်တင်ပေးသွားပါ့မယ်နော်🥺တကယ်လို့အဆင်မပြေဘူးဆိုရင်လည်းမတင်တော့ပါဘုးနော်😔)

"မောင် ထယ်တို့လမ်းခွဲရအောင်"

"ဘာပြောတယ် ထယ် မောင်မခွဲနိုင်ဘူးနော်"

"မောင့်ကိုမထားခဲ့ပါနဲ့ထယ်ရယ်"

"မောင်တို့ပြန်ညှိကြမယ်နော်"

"ဟင့်အင်း ထယ်ပင်ပမ်းနေပြီ ထယ်မောင့်ကိုဂရုမစိုက်နိုင်တော့ဘူး ထယ်လည်းဂရုစိုက်ခံချင်တယ် သူများတွေလိုromantic ဆန်တဲ့အချစ်လေးတွေလိုချင်တယ်။ ထယ်လေ မောင့်ဆီက တန်ဖိုးကြီးပစ္စည်းတွေမလိုပါဘူး။ ဂရုစိုက်မှုလေးပါ။ သူမတူတဲ့ဂရုစိုက်မှုလေးပါပဲ။ နွေးထွေးမှုလေးတွေ ။ထယ်စိတ်ကောက်ပြရင် သဲသဲလှုပ်ချော့ပြတာလေးတွေပါပဲ။ ထယ်ဒီလိုတွေပြောလို့ ထယ့်ကိုမိန်းမဆန်တယ်ထင်ရင်ထင်လိမ့်မယ်။ ထယ်ချစ်တဲ့သူဆီက ဂရုစိုက်မှု အရေးထားမှုတော့ ထယ်လိုချင်တယ်။ ထယ်ကပဲဂရုစိုက်နေရတာ ပင်ပမ်းနေပြီမောင်။ ထယ်တို့လမ်းခွဲကြစို့။ ထယ်ပင်ပမ်းနေပြီ။ ထယ်တို့ဇာတ်လမ်းပြီးပြီ။ ပျော်ရွှင်ပါစေမောင်။ ထယ့်ထက်ပိုရင့်ကျက်တဲ့သူနဲ့တွေ့ပါစေမောင်။ထယ်နှုတ်ဆက်ခဲ့တယ်။"

"ထယ်ရယ်လုပ်ရက်တာကွာ"

"ထယ်လုပ်ရက်တာမဟုတ်ဘူးမောင်။ မောင့်ကြောင့်ထယ်နေတတ်သွားတာ။ မောင်ထယ့်စိတ်ကိုသိခဲ့လား။ ထယ်မောင့်ကိုဘာတောင်းဆိုဖူးလဲ။ ထယ်စိတ်ကောက်နေရင်တောင် ဖုန်းဆက်ပြီးပြောချော့တတ်လား။ messageတွေပို့ပေးတတ်လား။ တခြားပစ္စည်းတွေကို မပြောဘူးနော်မောင်။ ထယ်လိုချင်လို့လည်းမဟုတ်ဘူး။ ထယ်လိူလည်းမလိုအပ်ဘူး။ ထယ်စိတ်ပြေအောင်ထိ အရေးထားပြီး ချော့ပေး စကားပြောပေးတာမျိုးလိုချင်တာမောင်။ မောင်နဲ့ရန်ဖြစ်ရတဲ့ညတွေဆိုထယ်မအိပ်နိုင်ဘူး။ မောင်ဖုန်းဆက်မလား။messageပို့မလားဆိုတဲ့စိတ်နဲ့ကောင်းကောင်းမအိပ်နိုင်ဘူး။ ဖုန်းကိုအနားထားအိပ်တယ်။ မျက်ရည်တွေနဲ့သာအိပ်လိုက်ရတယ်။ မောင့်ဆီကစာတစ်ကြောင်းရောက်မလာဘူး။"

If I was your ManWhere stories live. Discover now