ဇာတ်ကောင် မိတ်ဆက်💙

462 10 2
                                    

*ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်များမှာ author ၏စိတ်ကူးယဉ်ဖန်တီးမှု သက်သက်သာဖြစ်ကြောင်း*

One shotဖြစ်တာမလို့ အဓိက main characters လေးတွေကိုမိတ်ဆက်ပေးချင်လို့ အခုလို တစ်ပိုင်း သက်သက်တင်လိုက်ရတာပါ
One shotရေးတာ ပထမဆုံးအကြိမ်ဖြစ်လို့ တအားရှည်သွားခဲ့ရင် နားလည်ပေးကြပါ

မင်းထက်
နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတစ်ယောက်
အသက်-၂၀
ချမ်းသာတဲ့ထဲ မပါပေမယ့် အလယ်အလတ်တန်းစားထဲကသူတစ်ယောက်
ကျောင်းတွင် ပထမအဆင့်ကို အမြဲသိမ်းပိုက်ထားသူ
အရပ်ရှည်ရှည် ကိုယ်လုံးဖြောင့်ဖြောင့် ဥပဓိရုပ်ကောင်းပြီး ဝတ်စားဆင်ယင်ပုံစမတ်ကျတဲ့ ပျိုတိုင်းကြိုက်နှင်းဆီခိုင်
ကိုယ်နဲ့သိတဲ့လူကလွဲပြီး ချေမိုးစွာဆက်ဆံတတ်တဲ့ ကောင်လေးတစ်ယောက်
ဘယ်မိန်းကလေးမှ စိတ်မဝင်စားခဲ့တဲ့သူ ကောင်မလေးတစ်ယောက်ကြောင့်
သော့ခတ်ထားတဲ့ နှလုံးသားကိုဖွင့်နိုင်ခဲ့တယ်

သက်မှူးအိမ်
တက္ကသိုလ်ဝင်ခွင့်ဖြေဆိုထားသူ
အသက်-၁၈နှစ်ပြည့်ခါနီး
သာမန် အလယ်အလတ်တန်းစားထဲကပင်
ဥာဏ်ကောင်းပေမယ့် အပျင်းကြီးလွန်းတဲ့ ငပျင်းမလေး
ကိုယ်လုံးကိုယ်ပေါက်အချိုးအစားကတော့ မြင်သူတကာငေးကြည့်နေရတဲ့ bodyပိုင်ရှင်မျိုး
​ခေတ်လူငယ်ပီပီ အတိုအပြတ်လည်းဝတ်တတ်သလို ရင်ဖုံးနဲ့ထဘီလည်းဝတ်စားတတ်တဲ့သူမျိုး
လူတိုင်းကိုဖော်ရွေတတ်ပေမယ့် ကိုယ့်အပေါ်မကောင်းရင် မကောင်းသလိုရန်ငြိုးထားတဲ့ ကောင်မလေး
စွာတေးလန်လေးဖြစ်ပြီး ခဏခဏရန်ဖြစ်တတ်သူ

မြူ
သက်မှူးအိမ်၏ အခင်ဆုံး တစ်ဦးတည်းသောသူငယ်ချင်း
အသက်-၁၈နှစ်
ဒိတ်ဒိတ်ကြဲချမ်းသာတဲ့ မိသားစုအသိုင်းအဝိုင်းရဲ့ တစ်ဦးတည်းသောသမီး
သို့ပေမယ့် ငယ်ငယ်တည်းက မိဘတွေကကွာရှင်းထားကြတာ မိဘမေတ္တာကိုမရဘဲ တစ်လတစ်လ သုံးမကုန်တဲ့ငွေများသာ မိဘ၂ပါးက
ထောက်ပံ့ပေး၍ အိမ်ခွဲနေသည်
သက်မှူးအိမ်က သူမအတွက်တော့ အသက်ထက်တန်ဖိုးထား ခင်တွယ်ရတဲ့သူငယ်ချင်း ညီအစ်မလိုလို့ပြောရင် မမှား
ထို့ကြောင့် သက်မှူးအိမ်ကိုထိတဲ့သူတိုင်း သူနဲ့ငြိတော့တာပဲ

စိမ်းကလျာ
အသက်-၁၈နှစ်
ပုပုလုံးလုံးသေးသေးလေးဖြစ်လို့ လူတိုင်းက ဖြူစင်တယ်လို့ထင်ပေမယ့် တကယ့်အသွင်အပြင်အစစ်က....
ယခင်က သက်မှူးအိမ် နဲ့ မြူတို့ရဲ့ အခင်ဆုံးသူငယ်ချင်း
သို့သော် သူမရဲ့မနာလို ဝန်တိုစိတ်တွေကဖုံးလွှမ်းသွားတဲ့အခါ သူမရဲ့သူငယ်ချင်း၂ယောက်ကို သစ္စာဖောက်ခဲ့တဲ့ သူမ
သက်မှူးအိမ်ရဲ့ ကောင်လေးကိုပါ လုယူခဲ့တဲ့သူမ(စနှိုက်ကြော်မ)

စစ်မင်း
အသက်-၁၉နှစ်
သက်မှူးအိမ်ရဲ့ အရင်ကောင်လေး(Ex)
​ချမ်းသာတယ်ဆိုပေမယ့် ဒိတ်ဒိတ်ကြဲစာရင်းထဲတော့ မဝင်
ခန့်ညားပြီး ချောမောတဲ့ထဲမပါပေမယ့် ရုပ်ဆိုးတယ်လည်းမဟုတ်တဲ့ သာမန်ရုပ်ရည်နဲ့ကောင်လေးတစ်ယောက်
သစ္စာမရှိဘဲ ကိုယ့်ကောင်မလေးရဲ့ သူငယ်ချင်းနောက်ကိုမှ ပါသွားတဲ့ ခြံခုန်နွားလေးတစ်ကောင်

ဒီနေ့ကတော့ အမြည်းအနေနဲ့ တင်ပေးလိုက်တာပါနော်😉
20.3.2021
Aint🧡

အရင်းနှီးဆုံး သူစိမ်း(One Shot)💚Where stories live. Discover now