Unicode
လူသားနဲ့မကောင်းဆိုးဝါးများအတူနေထိုင်ကြသောကာလ မကောင်းဆိုးဝါးတချို့က သူတို့ဟာလူသားတွေနည်းတူ ကုန်သည် စစ်သား စားသောက်ဆိုင်ပိုင်ရှင် စသည်ဖြင့် သာမန်လုပ်ကိုင်လျက်နေကြသည် တချို့ကတော့ လောဘကြီးကာ လောကကိုအုပ်စိုးချင်ကြသည်
ဆရာ ကျွန်တော် အကာကွယ်စည်းကိုမတည်ဆောက်နိုင်ဘူး
မင်းအမေကိုချစ်လား
အင်း ကျွန်တော်သိပ်ချစ်တာပေါ့
ဒါဆို မင်းအမေကိုစိတ်ထဲတွေးပြီးထပ်လုပ်ကြည့်
......ထပ်လုပ်
ထပ်လုပ်
ထပ်လုပ်........အကြိမ်ပေါင်းများကြိုးစားသော်လည်းအချည်းအနှီးသာ..
10နှစ်သာသာအရွယ်လေးက အခုလို အပြင်းအထန်ကြိုးစားနေရတာဘာကြောင့်လို့ထင်လဲ သူ့စိတ်ထဲဘာမှမသိဘူး သူသိတာက မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ မိဘအတွက်လက်စားချေပေးဖို့
...........ဟွား မင်းအသက်ကအခုဆို20ပြည့်ပြီ မင်းကငါ့တပည့်တွေထဲမှာအတော်ဆုံးပဲ ဒါပေမဲ့ဘာလို့ ခုထိအတားအစည်းကိုမတည်ဆောက်နိုင်သေးတာလဲ မင်းဘာကိုကြိုးစားနေတာလဲ
ဆရာ ကျွန်တော့်ကို တိုက်ခိုက်ကြည့် ကျွန်တော်ဘယ်လိုတိုက်ခိုက်ရမလဲဆိုတဲ့နည်းသိ...
စကားပင်မဆုံးသေး ဓားမြောင်သုံးချောင်းကသူ့ဆီတန်းမတ်စွာ ဝင်လာသည် ဟွား လက်ထဲမှ ယက်တောင်ဖြူလေးကိုထုတ်ကာ အသာအယာပင် နေရာပြောင်းအတတ်ဖြင့် ဓားမြောင်တွေကို အခြားနေရာသို့ ပို့ဆောင်လိုက်သည်
ဟွား အပြုံးတို့ကချိုသာလျက် ဆရာအား
တွေ့လား ကျွန်တော်ဆီလာသမျှရန်ကို ဘယ်လိုရှောင်တိမ်းတိုက်ခိုက်ရမလဲဆိုတာသိတယ်
ဟွား တိုက်ပွဲဆိုတာအမြဲရှောင်နေလို့မရဘူး
ထိုစဥ် အခြားတပည့်တဦးမှ
ဆရာသခင် နဂါးနက်ကြီးနိုးထလာပြီ အခြေအနေတွေကဆိုးဝါးနေပြီ..