Miss all💜😞

1.1K 52 19
                                    

(Unicode)

ကြယ်လေးပြောချင်တာတွေများလို့စကားရှည်သွားခဲ့ရင်ကြိုတောင်းပန်ပါတယ်နော်💜

ပထမဆုံးပြောချင်တာကကြယ်လေးရဲ့ချစ်ရသောဒါဒါတစ်ယောက်ချင်းစီတိုင်းကိုအရမ်းလွမ်းတယ် ဒါမှန်သောစကားပါ💜

ဒုတိယတစ်ခုကတော့ကြယ်လေးရဲ့ဒါဒါလေးတွေကိုအရမ်း အရမ်းချစ်တယ်💜

ကြယ်လေးရဲ့ficတခုချင်းစီတိုင်းကိုအစဉ်မပြတ်အားပေးလာတဲ့ဒါဒါလေးတွေကိုအရမ်းချစ်တယ် ကြယ်လေးရဲ့အထူးအားဆေးလေးတွေ💜

အခုကာလအတွင်းဒါဒါလေးတွေရောကြယ်လေးရောစိတ်အရမ်းညစ်နေရမယ်ဆိုတာသိပါတယ် ကြယ်လေးလည်းတော်တော်လေးစိတ်ညစ်လှပြီ အရင်လိုficကိုအပိုင်းသစ်လေးတွေတင်ပြီးစနောက်ချင်လှပြီ😞

ဒီမကောင်းဆိုးဝါးလောက်ကောင်တွေမြန်မြန်ဆင်းဖို့မျှော်လင့်ရင်းအတူတူ‌တိုက်ထုတ်ကြမယ် ဒါဒါလေးတို့လည်းကိုယ်ပါ၀င်နိုင်တဲ့နေရာ‌ကနေပြီးအစွမ်းကုန်ကြိုးစားပေးကြမယ်လို့ယုံတယ်

ကြယ်လေးလည်းကြယ်လေးပါ၀င်ကူညီနိုင်တဲ့နေရာကနေအစွမ်းကုန်ပါ၀င်နေပေးတယ် မနက်ဆိုဆန္ဒပြပွဲမှာကိုယ်တိုင်ပါ၀င်ပြီးအော်ဟစ်ကြွေးကြော်တယ်(၂ငါးလုံးသပိတ်ပြပွဲပြီးတည်းက‌အိမ်ကစိတ်မချတော့လို့မလိုက်ရ‌တော့တာကလွဲလို့ပေါ့)

ကြယ်လေးလည်းအဲ့၂ငါးလုံးသပိတ်နေ့ကိုစိတ်ထဲမှာအမြဲသတိရနေမှာ ဘာလို့ဆိုခွေးတွေလိုက်ဆွဲလို့မသေရုံတမယ်ပြေးခဲ့ရတဲ့နေ့ကို ပြီးတော့သေနတ်သံတွေရောပေါ့

ထားလိုက်ပါတော့  နေ့ခင်းဆိုရတဲ့သတင်း‌ေတွတင်‌ပေးတယ် ညဆိုသံပုံးတီးတယ် ဒါကြယ်လေးတက်နိုင်တဲ့ဘက်ကပါ၀င်တာပေါ့နော်

နောက်ဆုံးပြောချင်တာကအားလုံးဇွဲမလျှော့ကြနဲ့နော် အားမာန်တင်းပြီးအစွမ်းကုန်တိုက်ထုတ်ပစ်ကြမယ် ✊💪

မကောင်းဆိုးဝါးတွေမရှိတော့ရင်အရင်လိုပျော်ပျော်ရွှင်ရွှင်နဲ့ficအပိုင်းသစ်လေးတွေတင်မယ် တူတူစနောက်ကြမယ်

မကြာတော့ပါဘူးကြယ်လေး‌တို့အတွက်လှပတဲ့ရောင်နီပေါ်လာတော့မှာပါ☀️

Owner Of Mole (OOM) (Completed)Hikayelerin yaşadığı yer. Şimdi keşfedin