Epi <17> - Being over

2.4K 157 0
                                    

[Unicode]

လိုက်ကာစတို့ကြောင့် မနက်ခင်းနေရောင်ခြည်တ်ို့ဖြာကျနေ
ချိန် အခန်းထဲကအချစ်နှစ်ကောင်ကမသိကြသေး ။
စတင်နိုးထလာသူက ထယ်ယောင်း ... ဂျောင်ဂုရဲ့
ဝတ်စလစ်ရင်ခွင်ကျယ်ကြီး နှစ်ခြိုက်စွာအိပ်ပျော်နေသူ ။

" ဟာ ဘယ်နှနာရီတောင်ရှိပြီလဲ အ့ ... !! "

ဆတ်ကနဲကောက်ထမိချိန် နာကျင်သွားလေတော့ ဘေးက
သူ့မောင်ကိုမျက်စောင်းထိုးလေရဲ့ ။

" မောင် ... ထတော့ နောက်ကျနေပြီ Alarm ပေးထား
တာကလည်းမမြည်တာလား "

နှစ်ယောက်စလုံးရဲ့ကိုယ်ပေါ်မှာ စောင်တစ်ထည်သာ ။
ဂျောင်ဂုကထယ်ယောင်းကိုပြန်လှဲချပြီး နဖူးကို
တစ်ချက်နမ်းကာ

" Alarm ကမောင်ထပိတ်လိုက်တာ
နောက်ကျလည်းဘာမှမဖြစ်ဘူး နာနေသေးလား "

" ပြောတတ်တယ် နာတာပေါ့ မင်းဟာလေ
တအားကြမ်းတာပဲ "

" မောင့်အကြောင်းမောင်သိလို့ ဆေးထည့်ပေးထားတယ် "

" ထရအောင်လေ ဘာလို့ Alarm ကိုတောင်
ပိတ်လိုက်ရတာလဲ "

" အချစ်ပင်ပန်းနေမှာသိလို့ မောင်တောင်ဒူးတွေချောင်
နေပြီ ဟားဟား"

" မင်း !!! မနက်ခင်းမဟုတ်တာတွေပြောမနေနဲ့
ငါနာနေသေးတယ် ချီ "

" အွန်း မောင်ငါးမိနစ်ပဲ "

" ​တစ်ပတ်လောက်ညစာ ငတ်ချင်လား "

" ထပြီအချစ်ရေ ထပြီ မောင့်အချစ်ကတအားဆိုးတာပဲ
မွ ... မောနီးကစ်စ် "

" အွန်း ချီပါဆိုနေ "

" နှုတ်ခမ်းစူထားရင် ဒီနေ့ရုံးမသွားရပဲနေမယ် "

" ငါနော် ... "
____________________________

" အမလေး ထယ်ယောင်းလေးရယ် ခုမှရောက်လာရလား
သူဌေးကဒီနေ့အကုန်စစ်မှာပါတဲ့ဆို တော်သေးတယ်
သူဌေးလည်းခုနမှရောက်တာ "

ထယ်ယောင်းသတိထားမိပါသည် ။ Company ထဲ
စဝင်ကတည်းက အကုန်လုံး ရုတ်ရုတ်သဲသဲဖြစ်နေကြတာ ။
ဟုတ်သား ... မောင်ဒီနေ့ရုံးကိုလိုက်စစ်မှာပဲ ။ မောင်က
ကားတစ်စီး ထယ်ယောင်းကကားတစ်စီးနဲ့ Company
ကိုလာခဲ့ကြတာ ။ မောင့်ကားကရှေ့ကနေမောင်းသွားတာ
ရောက်နှင့်နေတာ ။

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Donde viven las historias. Descúbrelo ahora