Epi <15> - CEO and his employee

2.7K 161 2
                                    

[Unicode]

ဒီနေ့ထယ်ယောင်းဂျောင်ဂုရဲ့ ကုမ္ပဏီ မှာအလုပ်စဝင်
တော့မှာဖြစ်သည် ။ ကိုယ့်ယောက်ျားရဲ့ အလုပ်မှာ
လူမသိသူမသိ အလုပ်ဝင်ရတာတစ်ကြောင်း ပထမဆုံးအလုပ်ခွင်မှာ လုပ်ဖူးတာကတစ်ကြောင်း
ရင်ခုန်နေမိ၏ ။ သို့သော် လင်တော်မောင်ကဲကဲသဲသဲက
ပေါ်လွင်တာတွေလုပ်ပြမှာတော့စိုးရိမ်မိသည် ။

မနက်စောစောထပြီး မောင့်ကိုပါနှိုးကာ ပြင်ဆင်နေရ၏ ။
ထယ်ယောင်းက ရိုးရိုး Style pant ရယ် shirt ရယ်
ယူဝတ်ပြီး မောင့်ဆီက necktie အနက်လေးကိုစည်း
လိုက်သည် ။ မောင် size နဲ့ဆိုချောင်နေတာကြောင့်
အလိုက်သိသောမောင်က အရင်ရက်တွေကတည်းက
ကြိုလုပ်ပေးထားတာပါသတဲ့ ။ ထယ်ယောင်းကသာ
ပျော်ပျော်ကြီးပြင်ဆင်နေချိန် ဂျောင်ဂုကမှုန်ကုပ်ကုပ် ။လှည့်ကြည့်မိတော့ အင်္ကျီဝတ်နေတဲ့ဂျောင်ဂုရဲ့
စတိုင်ကြောင့် ပါးပြင်များနီရဲတက်လာတော့၏ ။

" မင်း ... ရုပ်ကဘယ်လိုဖြစ် "

ဂျောင်ဂုအင်္ကျီကြယ်သီးတပ်နေရင်း မျက်လုံးလှန်ကြည့်လာသည် ။ ပါးစောင် ကိုလျှာနဲ့ထိုးရင်း
သူ့အလုပ်ကိုသူဆက်လုပ်နေတယ် ။

" မှားလို့ မောင်ရုပ်ကဘာဖြစ်နေတာလဲ
ငါ့ကိုမောင့်ကုမ္ပဏီမှာမလုပ်စေချင်လို့လား
ငါကမောင့်ကိုဘာများစိတ်တိုင်းမကျဖြစ်စေလို့လဲ "

" မဟုတ်ရပါဘူး မောင်ကမောင့်အချစ်ကို
ကိုယ့်ရုံးကလူတွေငမ်းနေမှာစိုးတာ ပြီးတော့မောင်က
အချစ်ကိုခဏခဏနမ်းလို့မရတော့ဘူးလေ "

ထယ်ယောင်းရဲ့ခါးလေးကိုဖတ်ကာဆိုသည် ။ ရုတ်တရတ်
ထချွဲတတ်တဲ့သူကလည်း ဂျွန်ဂျောင်ဂု ပဲ ။

" ဟွန်း လက်သူကြွယ်ကလက်စွပ်ကိုမြင်ရင် ဆိုင်သူရှိတယ်
ဆိုတာသိကြမှာပေါ့ လွန်လာပြီဆိုလည်းမောင့်လက်စွပ်ကိုပါ
ပြပြီး ငါ့ကိုမောင်ပိုင်ကြောင်းပြမယ်လေ ဟီးဟီး "

" မောင့်အချစ်ကို ပိုပြီးတော့တောင်စိတ်မချတော့ဘူးကွာ
အခုဝတ်ထားတာလည်း ကြည့်ပါဦး "

" ဘာဖြစ်လို့လဲ ရုံးဝတ်စုံပဲဝတ်ထားတာလေ "

" မောင့်အချစ်က Suit နဲ့လည်းလိုက်နေရောပဲ
Necktie ဘေးနဲ့ Name tag လေးရယ်
ပြီးတော့ဒီ style pant ကမောင်ပိုင်တဲ့ မက်မွန်သီးလေး
ကနည်းနည်း ပေါ် ပေါ် ... အ့ "

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Where stories live. Discover now