[Unicode]
ထယ်ယောင်းကိုအမနာဘီကသေချာရှင်းပြနေလို့
တစ်ခုချင်းလိုက်ကြည့်ကာသင်ယူနေရသည် ။ အလုပ်သင်
ဘဝလေးပဲရှိသေးလို့ အနိုင်ကျင့်ခံရမယ်မထင်ပါနဲ့ ။
အားလုံးက ကူညီပေးကြပါတာရယ် ။ နေ့လည်စာကို
ကန်တင်းမှာစားဖို့အချိန်ကျတော့ ထယ်ယောင်းအခက်တွေ့
ရသည် ။ ထယ်ယောင်းနဲ့ခင်တဲ့လူကလည်းသိပ်မရှိသေး ။
အမနာဘီတို့ကလည်းသူအဖွဲ့နှင့်သူ ။" ထယ်ယောင်း "
အမနာဘီက ထယ်ယောင်းကိုလှမ်းခေါ်သည် ။
" အမတို့နဲ့အတူလာစားပါ လာလေ "
ထယ်ယောင်းလည်းအမနာဘီဆိုတို့အဖွဲ့နဲ့အတူတူသာ ။
ဒီအချိန်မှာတော့ စကားတွေတစ်ယောက်တပေါက်ပြော
နေကြသည် ။ ဒုတိယထပ်ကဝန်ထမ်းတွေအကုန် ကန်တင်း
မှာနေ့လည်စာလာစားကြသည် ။ ဝန်ထမ်းကတ်က
တစ်လစာ နှစ်လစာဆောင်ထားပြီးသားမလို့ ရှင်းရန်မလို ။
ဒီအချိန်အမနာဘီတို့မဖွဲ့စကားဖောဖောသီသီပြောနေကြချိန်
ထယ်ယောင်းတစ်ယောက်တည်း ငြိမ်ငြိမ်လေးနေ့လည်စာ
စားနေသည် ။" ထယ်ယောင်းလေး "
" ဟုတ် "
" ထယ်ယောင်းလေးက ဟိုလေတစ်ခုခုအသိုင်းအဝိုင်း
ကြီးကလား သူဌေးရဲ့အတွင်းရေးမှူးအမက ကိုယ်တိုင်
လာအပ်ပေးတာဆိုတော့ "" မ ... မဟုတ်ပါဘူး "
" ဒါနဲ့လေ " အခြားယောက်ျားလေးတစ်ဦးက
စကားဝင်ထောက်ပြန်သည် ။" ထယ်ယောင်း သူဌေးကိုမြင်ဖူးလား "
" ဟို ... "
" အင်းလေ ဘယ်မြင်ဖူးမလဲ အကိုတို့တောင်
ခဏပဲမြင်ဖူးတာ မနက်ကလည်းထယ်ယောင်းက
နောက်ကျမှရောက်လာတာကို ထွက်ကြိုရတာလည်း
နည်းနည်းအကြီးပိုင်းတွေရယ် အဖွဲ့မှူးတွေရယ်ပဲဆိုတော့
အကိုတို့တောင်မတွေ့ရဘူး သူဌေးကချောတယ်သိလား "" အော် ချောတယ်လား "
ထယ်ယောင်းလေးမသိခြင်ထောင်ထောင်ကာ
ခပ်ပြုံးပြုံးပြန်ပြောလိုက်သည် ။ သူကမမြင်ဖူးပဲ
နေမလား သူ့ယောက်ျားလေ ။" ဒါနဲ့လေ ဟိုအဖွဲ့မှူးကိုသိကြတယ်မလား "
" ဘယ်သူလဲ "
KAMU SEDANG MEMBACA
♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓
Fiksi Penggemar" မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 🍓 " မောင့် ကိုချစ်တယ် " " မောင့်အချစ်ကိုပိုချစ်တယ် " 𝙸 𝚕𝚘𝚟𝚎 𝚢𝚘𝚞 𝚖𝚘𝚛𝚎 𝚝𝚑𝚊𝚗 𝚢𝚎𝚜𝚝𝚎𝚝𝚍𝚊𝚢 𝚋𝚞𝚝 𝚕𝚎𝚜𝚜 𝚝𝚑𝚊𝚗 𝚝𝚘𝚖𝚘𝚛𝚛𝚘𝚠 ☘︎ Warning - Male Pregnant / Married li...