Boardပေါ်မှ ရာထူးခန့်စာကို စုပြုံကာ လာကြည့်ကြသောဝန်ထမ်းများကတအံ့တသြဖြစ်သွားကြသည်။
"ဝါး!!Daebak အောက်ခြေကနေ အပေါ်ကိုဝုန်းကနဲရောက်တာနော်"
"အေးဆို တို့HRနဲ့ ရာထူးတူသွားပြီ"
"ဘယ်လောက်တောင်ပေးလိုက်ရလဲမသိ"
"ငါတို့CEOအကြိုက်မို့နေမှာပေါ့သူက" တစ်ယောက်တစ်ပေါက်ပြောနေကြသော စကားတို့ကို jenအာရုံမစိုက်တော့ပဲ ရုံးခန်းသို့သာ တက်လာခဲ့လိုက်သည်။
" ဒီနေ့ ဘာရှိလဲ Jen" Jisooကုတ်အကျီကို ချိတ်တွင်လှမ်းချိတ်ပြီးမေးလိုက်သည်။
"Lili flowerနဲ့ ပူးပေါင်းလုပ်မယ့် အိမ်ရာစီမံကိန်းအတွက် ခေါ်ထားပါတယ်"
"အိုခေ ရပြီ ငါ့ရုံးခန်းမှာ ရုံးလာထိုင် အပြင်မှာမနေနဲ့"
"ရှင်နဲ့တစ်ခန်းတည်းမနေဘူး အပြင်မှာ ခုံသပ်သပ်လုပ်ပြီးရုံးထိုင်မယ်"
"နင်အမေလား ငါအမေလား" ကပ်ကပ်လန်အောင် ပြန်ပြောနေသောjenကို jisoo ငေါက်လိုက်သည်။
"ဟုတ်ကဲ့ နားလည်ပါပြီ"
အခန်းတစ်ခန်းထဲတွင် စားပွဲခုံက နှစ်ခုံကမျက်နှာချင်း ဆိုင်လျက်။
"ဒါနဲ့...."
Jenစကားစမိကာမှပြန်ပိတ်လိုက်သည်။သူ့ကိုပြောပြရင် ခွင့်ပြုမှာမဟုတ်ဘူး။"ဘာပြောမလို့လဲ တို့လို့တန်းလန်းကြီးနဲ့"
"ဘာမှမဟုတ်ဘူး ညနေ OTမဆင်းဘူးနော် အိမ်စောစောပြန်ချင်လို့"
ဒီညနေ အိမ်မှာ Lisaတို့နဲ့ partyရှိတာသာ jisooသိလို့ကတော့ ...အတွေးနဲ့တင်ကြက်သီးတို့ကဖြန်းကနဲထသွားသည်။ lisaနှင့်အဆက်အသွယ်မလုပ်ဖို့ ထပ်မတွေ့ဖို့ မြင်ရင် မသိချင်ယောင်ဆောင်ဖို့ကို စုန်းမကြီးခမျာ အာရွှဲမတက် ကြိမ်းထားသည်မို့ပါ။
"နေ့လည်စာရော ဘယ်သူနဲ့စားမှာလဲ"
Jisooက စားပွဲခုံပေါ်တွင် တင်ထားသော လက်မှတ်ထိုးပီးသားစာရွက်တွေကို လက်မှတ်ထိုးချင်ယောင် ဆောင်ပီးမေးလိုက်သည်။
YOU ARE READING
My mom lover is my sister
Fantasíaအိပ်မက်တို့က လှပသလောက် လက်တွေ့တည်ရှိမှုက အကျည်းတန်နေသလို ဘယ့်နှယ်... ကိုယ့်မွေးစားသမီးကိုမှ အပိုင်လိုချင်တယ်တဲ့လား