မေတ္တာ(အပိုင်း၁၀)

492 34 2
                                    

Unicode

{ မေတ္တာ } 💕 {အပိုင်း ၁၀}

" P'Thor .. ဒီကုမ္ပဏီက ဝန်ထမ်းအသစ်တွေ
ထပ်ခေါ်တယ်လို့ သိရတယ် ..
အဲဒါ ကျနော် လျှောက်လို့ရမလား "

" အင်း ရတယ်ပေါ့ Tharn လျှောက်မလို့လား
ကိုယ်ရေးအပြည့်အစုံ တင်ထားခဲ့လိုက်လေ ..

Tharn က တော်ပြီး အရည်းအချင်းရှိတဲ့
သူတယောက်ဆိုတော့ အဆင်ပြေမှာပါ ..
အကိုလည်း ထောက်ခံ ပေးမှာပေါ့ ..  "

" ကျေးဇူးတင်ပါတယ် P'Thor ..
ကျနော်လည်း ဒီ ကုမ္ပဏီကို ကြိုက်တယ် သဘောကျတယ် ..
ကျနော်အတွက် ပညာလည်း အများကြီး
ရသလိုကိုယ့်အတွက်လည်း တိုးတက်နိုင်မယ်ထင်လို့ပါ"

" ဟုတ်တယ် Tharn ..
အကို ဒီမှာ အလုပ် လုပ်တာ ကြာပြီး ..
သူဌေးက သဘောကောင်းတယ် ..
တိုးတက်ချင်စိတ်ရှိတဲ့ လူငယ်တွေကိုလည်း
မြေထောင် မြှောက်ပေးတယ် .. "

" ‌ဪ သူဌေးရဲ့ သားလည်း Tharnတို့လို
အင်ဂျင်နီယာတယောက်ပဲလေ ..
Tharn နဲ့ နှစ် အတူတူပဲများတောင်မသိဘူး
အကိုကလည်း စကားသာ ပြောဖြစ်တာ
သူကျောင်း ဘယ်နှစ်ရောက်လည်း ဆိုတာကို
မမေးကြည့်မိလိုက်ဘူး ဖြစ်နေတာ ..

ခုနကတောင် ‌ ရုံးမှာ ရှိသေးတယ် .. "

" ဟုတ်လား P'Thor "

" ဟုတ်တယ် သားတယောက်ထဲရှိတာ
သူက အဆိုးကွ  .. ခုမှ လိမ္မာ လာတာ "

အဆိုး ဆိုလို့ Tharn စိတ်ထဲက အဆိုးလေး
တယောက်ကို သတိရမိသွားတယ် ..

အဲလို အဆိုးလေးတွေမှာလည်း
ချစ်ဖို့ကောင်းတဲ့
အရာလေးတွေ  ရှိတတ်ပါတယ် P'Thor ..

" အဲဒါဆို ကျနော် ပြန်လိုက်အုန်းမယ် P'Thor ..
ပြီးတော့ အလုပ်သင်ဆင်းနေတဲ့ တလျှောက်လုံးဂရုစိုက်ပေးတာ
ကျေးဇူးတင်ပါတယ်နော် P'Thor

" ရပါတယ်ကွာ ငါ့အတွက်လည်း
ပင်ပန်းတဲ့ ကိစ္စမှ မဟုတ်တာ " 

ကိုယ့်ညီမအတွက် ရည်ရွယ်တာ
မဖြစ်ပေမယ့်Tharn ကိုတော့
Thor သဘောကျမိတယ် ..

အလုပ်သင်ဆင်းတာ ပြီတော့မှာဆိုတော့
သူတို့လည်း တကယ့်အလုပ်ခွင်ထဲ
ဝင်ကြရတော့မယ် ..

မေတ္တာWhere stories live. Discover now