Cafe Love ☕☕
" မဂ်လာပါအကို ဘာသုံးဆောင်မလဲ "
"cappuccino တစ်ခွက် ညီ "
" ခနစောင့်နော်.....အကို "
လှရက်လိုက်တာ ညီရာ ....
ကျွန်တော်က coffee သောက်ရတာမကြိုက်သလို cafe ထိုင်ရတာလဲမကြိုက်ဘူး ဒါပေမဲ့ သူငယ်ချင်းတွေနဲ့အလောင်းအစားလုပ်ရင်းကျွန်တော်ရှုံးတော့ အဲ့ကောင်တွေက ကျွန်တော်ကို cafe ထိုင်ခိုင်းတယ်လေ တော်တော်အကျင့်ပုတ်ကြတယ် အဲ့လိုနဲ့ကျွန်တော် ဒီ cafe ရောက်လာတယ်ဆိုပါတော့ အင်း.... cafe လေးကတော့ချစ်စရာလေးပါ စာအုပ်စင်လေးလဲရှိတယ် နည်းနည်း romantic ဆန်တာပေါ့ ကျွန်တော်ကစာဖတ်ရတာကြိုက်တော့နဲနဲလောက်တော့အဆင်ပြေတာပေါ့ coffeeသောက်ရတာမကြိုက်တော့ ဘာအမျိုးစားရှိမှန်းလဲမသိ အဲ့တာနဲ့လူပြောများတဲ့ဟာပဲမှာလိုက်တာ waiter လေးက တကယ်ကိုခန့်ညားလွန်းတယ် ယောကျ်ားလေးတစ်ယောက်ကိုလှတယ်လို့မသုံးသင့်တာ ကျွန်တော်သိတာပေါ့ ဒါပေမဲ့ ညီ့ပုံစံက သုံးစရာစကားလုံးတောင်မရှိတော့တဲ့ထိကိုခန့်ညားတာ ကျွန်တော်ချစ်တဲ့ညီ့မှာက သွားတက်လေးရယ် ကျွန်တော့်ကိုမြင်မြင်ချင်းစွဲဆောင်သွားတဲ့မျက်လုံးဝိုင်းဝိုင်းလေးရယ် ဆံပင်ခပ်အုပ်အုပ်လေးလဲရှိတယ် ညီကအရပ်ရှည်ရှည် အသားဖြူဖြူကောင်လေးဗျ တကယ်ကိုနှိုင်းစရာမရှိလောက်တဲ့ထိကို လှရက်တာပါဗျာ ကိုယ့်ဘက်ကိုယက်ပြောတာမဟုတ်ဘူးဆိုတာခင်ဗျားတို့မြင်မှသိမယ်အဲ့ခါ ညီ့ကိုလာလုလို့ကတော့ ဟွန်း....အသက်ချင်းလဲလိုက်မယ် ဘာမှတ်နေလဲ ..... ဟော.... လာပါပီ ကျွန်တော်ချစ်ရသူလေး.....
" ဒီမှာခင်ဗျ......သုံးဆောင်ပါအကို "
💭 ကျွန်တော့်ချစ်ရသူက အဲ့လိုလဲသိမ်မွေ့တဲ့လူယဥ်ကျေးလေးဗျ 💭
" အာ...ဟုတ် ညီ...ထားခဲ့ "
💭 ကျေးဇူးပါခွေးကောင်လေးတွေရေ... မင်းတို့ကြောင့် ငါ့နှလုံးသားလေး တံခါးပွင့်ခဲ့ပီ 💭
"ညီ ပိုက်ဆံရှင်းမယ် "
" ဟုတ်ကဲ့ခင်ဗျ လာပါပီ "
" 3500 ပါ အကို "
" ဟုတ် ညီ ဒီမှာ .... tips ယူလိုက်နော် "
YOU ARE READING
Cafe Love
Short Storyအကြောင်းပြချက်မတူတဲ့ရင်ခုန်မှုတွေကြားမှာ အကိုပေးတဲ့ရင်ခုန်မှုကညီ့အတွက်အလှပဆုံးပဲ