အချိန်မှန်မှန် ဖုန်းဆက်နော် လွမ်းနေသူမှာတော့
အရင်လိုမင်းရဲ့အပြုံးလေးမြင်ယောင်ရင်းပေါ့
တစ်နယ်စီခြား တို့နှလုံးသားတိုင်တည်ထား
ကတိသစ္စာ အချိန်တွေပြောင်းသွားလည်း မပြတ်ရစေသား
ဆုံနေကြနေရာလေးမှာ နေ့စဥ်မျှော်နေတာ
အရင်လိုမင်းရဲ့အနမ်းလေးတိုးဝှေ့သလိုပါ
ဒဏ်ရာများကြားမှာမပျော်နိုင်တဲ့
ငါ့အဖြစ်ပါ အရာရာမင်းရဲ့စိတ်နဲ့ငါ့ရဲ့ခန္ဓာ
နင်သိလေမလား ဒီနှလုံးသား
ကြွေလွင့်အောင်များ နေရက်သလား
ဟိုးအဝေးတစ်နေရာမှာ အသစ်တွေ့နေပြီလား
နင်မချစ်တော့ဘူးဆိုရင် ဖွင့်ပြောပါအားမနာနဲ့
တိုင်တည်ထားတဲ့ကတိတွေငါပြန်ပေးမယ်
တကယ်မလွမ်းတော့ဘူးဆိုရင်မျော်လင့်ချက်မပေးပါနဲ့
ဒီစိတ်ကငါ့ကိုသေနိုင်လောက်တယ်
( စာနာပါဦးကွယ်) ( ဒါတွေနင်နားလည်)
(V1 V2 Cho V1 V2 Cho)