Unicode
Cafe ဆိုင်ထဲက ငြိမ့်ညောင်းတဲ့သီချင်းသံမှာ စီးမျောရင်း Jung Hoseok အပြင်ကိုလှမ်းငေးလိုက်သည်။
ကားလမ်းတဖက်က platform မှာ ကောင်ချောလေး
တစ်ယောက်... ခက်ထန်မာကျောတဲ့မျက်နှာနဲ့...
အလိုမကျမှုတွေရှိနေတာတောင် ချောမောမှုတွေက အထင်းသား...
တစုံတရာစောင့်ရင်းဒေါပွနေသည့်ပုံ..။
တကယ်တော့ Hoseok လဲဒေါသထွက်နေတာ...
ဟိုကောင် Kim Namjoon ချိန်းထားတဲ့အချိန်ထက်
နာရီဝက်ကျော်နောက်ကျနေပြီ...
အပြင်က ကောင်ချောလေးကို ကြည့်ရင်း ဒေါသတွေ
ကြက်ပျောက်ငှက်ပျောက်...
မျက်စိရှေ့မှ ပန်းချီကားက သက်ဝင်လှုပ်ရှားစွာ Hoseok စိတ်ကိုဖမ်းစားသည်။
ကြည့်နေဆဲခဏမှာ Kim Namjoon ကိုလှမ်းတွေ့ရသည်။ Namjoon ကခပ်မှန်မှန်လေးလျှောက်ရင်း ကောင်လေးဆီကိုဦးတည်သည်။ ကောင်လေးက Namjoon ကို တရစပ်ပြောဆိုရင်း Namjoon နားသို့ ပြေးသွားသည်။ Namjoon ကဘာမှပြန်မပြောပဲ
လက်ထဲကဖုန်းလေးကို လှမ်းပေးသည်။ ကောင်လေးက ဖုန်းကိုဆက်ကနဲဆွဲယူကာ ပြန်လှည့်သွားသည်။ Namjoon အေးဆေးတည်ငြိမ်စွာ ဘာမှမပြော...
လေး ငါး လှမ်း လျှောက်ပြီးပြန်လှည့်လာတဲ့
ကောင်လေးကြောင့် Namjoon သူပိုက်ဆံအိတ်ကို ထုတ်ပေးသည်။ ကောင်လေးက ပိုက်ဆံအချို့နှိုက်ယူကာ အိတ်ပြန်ပေးပြီး အနားရောက်လာတဲ့ Taxi တားကာတက်သွားသည်။ Namjoon ကိုနိုင်နေပုံက Namjoon ရဲ့ရည်းစားအလား...
Namjoon ကားလမ်းကူးရင်း သူ့ကိုလှမ်းမြင်ပုံရသည်။ အားနာစွာပြုံးရင်း အမြန်လျှောက်လာသည်။
Counter တွင် coffee မှာပြီး Hoseok ရှိရာစားပွဲမှာ လာထိုင်ရင်း တောင်းပန်စကားဆိုသည်။" Sorry ကွာ...နောက်ကျသွားတယ် "
" Drama ခင်းနေတာပါ ထည့်ပြော "
" ဘောကို Drama..ခုနက ငါ့ညီအငယ်ဆုံးကောင်..
Kim Taehyung... မနက်က ကျောင်းပို့ရင်း
ငါ့ ကားပေါ်မှာဖုန်းကျန်ခဲ့ လို့လေ...
ဒီကြားထဲ ငါက စောစောထွက်လာတာ လောပြီး သူ့
ပိုက်ဆံအိတ်ပါ အိမ်မှာကျန်ခဲ့တော့
ငါ့ကိုအသေနွှာသွားတာ ဟိတ်ကောင်ရေ..."" မင်း ညီ ကြောက်ပုံကြီးကလဲကွာ "
" ဒီအချိန် သူ့သွားဆူလိုက်ရင် အဲ့မှာထိုင်ငိုမှာလေ...
အခုတောင် မင်းအထင်လွဲသေးတာ..ထိုင်ငိုနေရင်
ပိုဆိုး "