<Unicode>
' ရှောင်းကျန့်..ဒါ မင်းအတွက်..´ကန်တင်းမှာနေ့လည်စာစားနေတဲ့ ရှောင်းကျန့်ရှေ့ဝင်ထိုင်ရင်း သူကြိုက်တတ်တဲ့ strawberry milk tea ဘူးကို လှမ်းပေးတော့မော့ကြည့်လာတဲ့ မျက်နှာလှလှလေးမှာ စိတ်ရှုပ်မှုတွေက အထင်းသား။ငါကမင်းအတွက် စိတ်ရှုပ်စရာ အမှိုက်ထုပ်သက်သက်ပဲလားရှောင်းကျန့် ။
တကယ်တော့ ရှောင်းကျန့်ရှိတဲ့ကျောင်းကို တက်နိုင်ဖို့ ရှောင်းကျန့်အနားမှာနေနိုင်ဖို့ ကျိုးဟန် စွန့်လွှတ်လိုက်ရတာတွေ အများကြီး..။ဒါပေမယ့် ဒီအတောအတွင်း ကျိုးဟန်ရဲ့ ကြိုးစားမှုတွေက လုံးဝအရာမထင်ခဲ့ဘူး။ရရှိခဲ့တဲ့ ဥပေက္ခာတွေ.....
သူပေးတဲ့ milk teaဘူးကို မယူဘဲ တောင်ခနဲမြည်လာတဲ့ ဖုန်းထဲက မက်ဆေ့ချ်ကို ဖွင့်ကာဖတ်တဲ့ ရှောင်းကျန့်ရဲ့ မျက်နှာက ခုနကနဲ့ လားလားမှမဆိုင် သူအမြဲတမ်းငေးနေမိတဲ့ လှပတဲ့ အပြုံးတွေဆင်မြန်းထားတယ်။အဲလို အပြုံးတွေ ဖြစ်တည်မှုရဲ့ နောက်ကွယ်ကလူ တခါလောက်တော့ ဖြစ်ချင်ခဲ့မိတာ။
#မင်းပြုံးလိုက်တိုင်း ငါ့ရဲ့ကမ္ဘာမှာ ပန်းတွေပွင့်တယ်ရှောင်းကျန့် ။
ကျောင်းပိတ်ရက်မှာ တဦးတည်းသောအစ်မကို လေဆိပ်လိုက်ပို့ရင်း ရွယ်တူကောင်လေးတယောက်ကို မြင်မြင်ချင်းချစ်ခဲ့မိတယ်။အဲနေ့က ဖြူဥဥအသားအရေ နက်ပြာရောင်ဂျာကင်လေးဝတ်ထားပြီး နောက်ဆုံးတော့ပြန်လာနိုင်ပြီဆိုပြီး လေဆိပ်မှာ အပျော်လုံးစို့ကာ ခုန်ပေါက်နေတဲ့ ယုန်ဖြူလုံးက ကျိုးဟန်အတွက် ဘယ်တော့မှ နှလုံးသားထဲက ထုတ်ပစ်လို့မရတော့တဲ့ ပုံရိပ်လေးတွေပဲ။
ကံတရားက သူ့ကို မျက်နှာသာမပေးခဲ့ဘူး။ ယုန်ဖြူလုံးလေးက ဘယ်သူဆိုတာသိခဲ့ရတဲ့နေ့ဟာ ကျိုးဟန်ရဲ့ အနာဂတ်အတွက် ဖန်တီးထားတဲ့ စိတ်ကူးယဥ်ကမ္ဘာလေးက အစိတ်စိတ် အမွှာမွှာ ကွဲကြေခဲ့ရတယ်။ယုန်ဖြူလုံးလေးမှာ Tracer 85ဆိုတဲ့ ပိုင်ရှင် ငုတ်တုတ်ကြီးနဲ့တဲ့။အဲ့နေ့က မင်းခြွေခဲ့တဲ့ အနမ်းတပွင့်အကြောင်းတော့ ငါမေ့ထားတယ်။
အနားမှာရှိနေခွင့်ရရုံလေး ငေးကြည့်ခွင့်တွေရရုံလေး ကိုယ်ကျေနပ်ချင်ခဲ့ပေမယ့် ပိုင်ဆိုင်ချင်တဲ့ ဆန္ဒတွေက အနိုင်ယူသွားတော့ခက်တယ်။
BẠN ĐANG ĐỌC
Hăo Jiŭ Bù Jiàn(好久不见)(Completed )