part 27

2.1K 136 17
                                    

<Unicode>
' လွမ်းလိုက်တာဘေဘီရာ..´

စားပွဲပေါ် မှောက်နေရင်း ဘေးမှာတင်ထားတဲ့ ဓာတ်ပုံလေးထဲ ရယ်မောနေတဲ့ ကောင်လေးရဲ့ ပါးပြင်ကို လက်ညှိုးလေးနဲ့ တို့ထိရင်း ရိပေါ် တိုးတိုးလေးဆိုတယ်။မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ဒီကလေးကို ချစ်ရပါတယ်။

ခွင့်မတောင်းဘဲ တံခါးကို တွန်းဖွင့်ကာ ဝင်လာသံကြားတာမို့ ခေါင်းထောင်ကြည့်ကာ လှမ်းဟောက်မလို့ရှိသေး မြင်လိုက်ရတဲ့ မျက်နှာချောချောလေးကြောင့် မပြင်မဆင်ဘဲ ရိပေါ်မျက်နှာ အပြုံးတွေဖြစ်ထွန်းတယ်။

' ကိုယ်ဘေဘီကို လွမ်းနေတာ ´

အပြေးလေးလာပြီး အင့်ခနဲ ဆွဲဖက်လိုက်တဲ့ ရိပေါ်ကြောင့် ရင်ခွင်ထဲက ရှောင်းကျန့် မျက်စောင်းထိုးမိတယ်။ဟုတ်တယ်လေ.. California ပြန်မယ့် ပါပါးနဲ့ မာမားကို လေဆိပ် ခနပဲလိုက်ပို့တာကို။

' CEOရယ် ကျနော်သွားတာ ၁နာရီမပြည့်သေးဘူး ´
' ကိုယ်က ဘေဘီကို မျက်စိအောက်က တစက္ကန့်တောင် အပျောက်ခံချင်တာ မဟုတ်ဘူး..´

' အဲဒါနဲ့ပဲ..နေ့တိုင်း company ကိုလိုက်ပြီး ဘာမှမလုပ်ရနဲ့ ကျနော်ငပျင်းကြီးဖြစ်နေတာလည်း ကြည့်အုံး..´

ရှောင်းကျန့်အပြောကို ရိပေါ်က ရယ်ရင်း မျက်နှာအနှံ့ အနမ်းတွေခြွေသလို အဆစ်အနေနဲ့ လည်တိုင်ဖွေးဖွေးကိုပါ ကိုက်ခဲတယ်။မကိုက်နဲ့လို့ ပြောမနေတော့ပါဘူး။ကိုကို့ကျေးဇူးကြောင့် ရှောင်းကျန့်မှာ နေ့တိုင်း လည်တိုင်က အမှတ်အသားတွေပျောက်တယ်ကိုမရှိရဘူး။အဲဒါကိုပဲ ကိုကိုက လှတယ်ဆိုပြီး သဘောကျနေတတ်တာ။

' ကိုကို ကျနော်ဗိုက်ဆာနေပြီ..ကန်တင်းမှာ တခုခုလိုက်ကျွေးပါလားဟင်..´

ရိပေါ်ကို မျက်နှာချင်းဆိုင် ခါးကိုဖက်ထားရင်းကနေ မော့ကြည့်ပြီး ချစ်ရာ့အသွင်ဖမ်းထားရင်း ရှောင်းကျန့်ကဆိုတော့ ရိပေါ်က ပြုံးတယ်။

' ဘေဘီက တကယ် ကန်တင်းမှာစားချင်တယ်ပေါ့..´

ခေါင်းတဆတ်ဆတ်ညိတ်ပြပြီး သွားအဖြီးသားနဲ့ မျက်နှာချိုသွေးနေတဲ့ ရှောင်းကျန့်။တယ်လည်း တတ်နိုင်လွန်းတဲ့ကောင်လေး။

Hăo Jiŭ Bù Jiàn(好久不见)(Completed )Donde viven las historias. Descúbrelo ahora