Lisa's POV
"အန်တီရဲ့မေးခွန်းကိုဖြေရမယ်ဆိုရင် Jennieက ကျွန်တော့်အတွက် အရမ်းအရေးပါတဲ့သူတစ်ယောက်ပါလို့ပဲ ကျွန်တော် ဖြေပါရစေ"လို့ ကျွန်တော်ဖြေလိုက်တော့
အန်တီက "မင်းတို့ လူငယ်တွေကိစ္စကိုတော့ အန်တီ၀င်မပါချင်ပါဘူး။ Jennieချစ်ပြီး သူ့ကို ပျော်အောင်ထားနိုင်မယ့်သူဖြစ်ရသ် အန်တီက လက်ခံပေးနိုင်တယ်။ မင်းက သူ့ကို တန်ဖိုးထားပြီး ပျော်ရွှင်အောင်လုပ်ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိရဲ့လား။ Jennieလေးရဲ့ ဘ၀ထဲကို ၀င်လာဖို့လုပ်ပြီးမှ စကားတစ်ခွနမှမပြောပဲ ပျောက်သွားတတ်တဲ့သူမျိုးကို အန်တီကသဘောမကျတာတော့ အမှန်ပဲ"လို့ လေးလေးနက်နက် ပြောလာတဲ့အခါ ကျွန်တော် ပြန်ပြောဖို့အတွက် စကားလုံးရှာနေမိတယ် ကိုယ်ကလည်း ကိုယ့်အပြစ်နဲ့ကိုယ်မို့ အန်တီဒီလိုမေးလာတာက မလွန်ပါဘူးလေ.......
Jisoo's POV
ကျွန်မမနက် ထလာတော့ ဧည့်ခန်းမှာ Lisa နဲ့ မေမေရဲ့ စကားပြောသံကြားရတော့ တိတ်တဆိတ် နားထောင်နေမိတယ်။ သူတို့ ၂ယောက်ကတော့ သူတို့နောက်မှာ ရောက်နေတာကို သတိမထားမိကြပေ။ မေမေထပ်ပြောလိုက်တဲ့ စကားကိုကြားလိုက်ရတော့ ကျွန်မ Lisaကို အားနာမိတာနဲ့ "မေမေ ရောက်နေတာလား ပြောလည်းမပြေားဘူး"လို့ လှမ်းပြောလိုက်တော့မှ ၂ယောက်လုံးရဲ့ အကြည့်တွေက ကျွန်မဆီကို ရောက်လာကြတယ်။
မေမေဘာမှမပြောနိုင်သေးခင်မှာပဲ Lisaကို "တခြားသူတွေကို နှိုးလိုက်ဦးလေ Unnieမနက်စာပြင်ထပေးမယ်။ အဝေးကြီးပြန်ကြရဦးမယ်မလား"လို့ ပြောလိုက်တော့ Lisaက ထသွားတော့တယ်။
"မေမေကလည်း သူများကို အားနာစရာကြီး ရောက်နေတာနဲ့ ဘာတွေမေးနေမှန်းလည်းမသိဘူး"လို့ ကျွန်မလှမ်းရန်တွေ့တော့ မေမေက "ငါ့သမီးရဲ့ ပျော်ရွှင်မှုက အရေးကြီးတယ်။ မပြောမဆိုနဲ့ ပျောက်ပျောက်သွားတတ်တဲ့သူကြောင့် ငါ့သမီးထပ်ခံစားရမှာကို ငါမကြည့်ရက်နိုင်ပါဘူး။ ညည်းကိစ္စကျရင်လာ်း ငါ၀င်ပါစင့်ရင်ပါရမှာပဲ"လို့ ပြောပြီး မျှားဦးက ကျွန်မဘက်ကို လှည့်လာပြန်ပါရော။
ကျွန်မလည်း မေမေနဲ့ပြိုင်မငြင်းချင်တော့တာနဲ့ လွတ်ထားလိုက်ပြီး မနက်စာပြသ်နေလိုက်တယ်။
YOU ARE READING
Love Of My Life
Romance-Unicode- ငါ10နှစ်ကျော်မရပ်မနား ကြိုးစားခဲ့တာဟာ အခုအချိန်မှာ နင့်ဘေးနားမှာ နင်နဲ့အတူ ရပ်နိုင်ဖို့ပဲ။ နောင်တချိန်မှာ ငါ10နှစ်ကျော်ကြိုးစားခဲ့ရခြင်းအကြောင်းပြချက်က နင့်ကို မြင်မြင်ချင်းနှစ်နှစ်ကာကာ ချစ်မိသွားလို့ဆိုတာကို ပြောခွင့်ရချင်တယ်။ -Lisa လွန်ခ...