Trifolium 🍀

3.6K 211 9
                                    


ပုံမှန်နေ့ရက်တွေလိုပါပဲ။ အိုမင်းအထီးကျန်နေတဲ့အပင်အိုကြီးအောက်မှာ တကျီကျီမြည်နေတဲ့ကျောမှီကုလားထိုင်တစ်လုံးနဲ့ ခပ်နွမ်းနွမ်းစာအုပ်လေးတစ်အုပ်ကို လေးထောင့်မျက်မှန်ကိုင်းလေးအောက်ကမျက်ဝန်းတစ်စုံနဲ့အာရုံစိုက်ဖတ်နေမိတယ် ။

နွေဦးရာသီလေအဝှေ့မှာ ရွက်ကြွေလေးက သူဖတ်နေတဲ့စာအုပ်ဟောင်းလေးပေါ် ကျလာတဲ့အခါ မျက်မှန်လေးကိုတစ်ချက်ပင့်တင်ပြီး ပြုံးလိုက်မိသေးတယ် ။

"ချစ်ခြင်းတွေစတင်ခဲ့တဲ့ နွေကိုတောင်ရောက်လာခဲ့ပြီပဲ "

တစ်ကိုယ်တည်းခပ်တိုးတိုးရေရွတ်ပြီး ခပ်သော့သော့လက်ရေးလေးတွေမင်းမူထားတဲ့စာအုပ်ဟောင်းလေးကို အာရုံစိုက်ကာ ဘယ်နှခေါက်မြောက်မှန်းမသိပြန်ဖတ်နေမိသည် ။

"ချစ်ရတဲ့လူရှိတာကိုသိလိုက်ရတဲ့အပြင် သက်တမ်းက ၁၅ နှစ်တဲ့လား။ မင်းရေးတဲ့ ဇာတ်ကောင်ထဲကတစ်ဖက်သတ်ချစ်တဲ့လူကိုလှောင်ခဲ့တာ ကိုယ့်ပါတန်းဝဋ်လည်တာပဲ "

ထိုစာကြောင်းလေးကိုအသံထွက်ဖတ်လိုက်မိတဲ့အခါ အရင်တစ်ချိန်ကလိုနှလုံးသားဟာ တိုးတိတ်စွာနာကျင်၏။
နာကျင်မှုနှင့်အတူဝေ့ဝဲလာမိသော မျက်ဝန်းထဲကအကြည်ရောင်အရည်လေးများအား မျက်မှန်ခဏချွတ်ကာ လက်ချောင်းကလေးများဖြင့်တို့ထိသုတ်လိုက်မိပြန်တယ် ။

"ကိုယ်မသိခဲ့တဲ့အချိန်တွေမှာ ဘယ်လောက်တောင်နာကျင်ခဲ့ရမလဲအချစ်ရယ် "

နှုတ်ဖျားကထွက်သွားမိတာဟာအချစ်ရယ်တဲ့လား ။
အချစ်........ဟုတ်တာပေါ့။
သူမြတ်မြတ်နိုးနိုးချစ်မိခဲ့ရသူလေ ။

လူတစ်ယောက်ကိုဆယ့်ငါးနှစ်ကျော်ရူးရူးမူးမူးစွဲလမ်းရင်း နာကျင်မှုတွေနဲ့နေသားကျနေပြီဖြစ်တဲ့သူ့ဘဝတစ်ခုလုံးကို အချစ်တွေနဲ့ပြန်လည်ရှင်သန်လာအောင်ကုစားပေးခဲ့သူ ။

သူချစ်ရတဲ့ သူ့ရဲ့ချစ်သူ ။

သူမရဲ့နာမည်က.......ဆု....
သူ့ဘဝထဲကိုဘုရားပေးတဲ့ဆုတစ်ခုလိုမျိုးဝင်ရောက်လာခဲ့တဲ့ တစ်ဦးတည်းသောချစ်ရသူ ။
ဘဝမှာပထမဦးဆုံးအကြိမ်အဖြစ် အချစ်ဆိုတာပျော်ရွှင်မှုတွေရှိသေးပါလားဆိုတာခံစားသိရှိစေခဲ့သူ ။
အမြဲတမ်းအတိတ်တွေထဲမှာ နာကျင်ခံစားနေရတဲ့သူ့ကို အားပေးစကားတွေနဲ့ပစ္စုပ္ပန်ကိုဆွဲခေါ်လာပေးခဲ့သူ ။
အလိုလိုစိတ်အားငယ်နေတတ်တဲ့သူ့ကို နားလည်မှုတွေနဲ့ဖေးမအဖော်ပြုပေးခဲ့တဲ့ တစ်ဦးတည်းသော သူ ။ သူချစ်ရတဲ့သူ့ရဲ့တစ်ဦးတည်းသောချစ်သူ ။

Trifolium Where stories live. Discover now