Ch 17

196K 12.6K 2K
                                    

Unicode

Tennis ကွင်းထဲ ဒန်နီယယ်ကို သူရိန် ထိုင်စောင့်နေသည်မှာ နာရီဝက်ခန့်ရှိပြီဖြစ်သည်။ Tennis မပြောနဲ့ ကြက်တောင်တောင် ဖြောင့်အောင်မရိုက်တတ်သည့် သူရိန့်အတွက် tennis racket က လက်ထဲ  လှည့်ဆော့စရာတစ်ခုအပြင်မပိုပါ။ သို့သော်မြန်မာ အမေရိကန် ကပြားဖြစ်သည့် ဒန်နီယယ် ၏ ချွေးတလုံးလုံးနှင့် tennis ကိုကျွမ်းကျင်စွာ ကစားနေပုံမှာ တော်တော်ဆွဲဆောင်မှုရှိသည်။ tennis ကွင်းထဲ မိန်းကလေး ယောကျာ်းလေး တော်တော်များများ၏အကြည့်ကိုလည်း သိမ်းပိုက်ထားနိုင်၏ တစ်ယောက်ထဲပျင်းလို့အဖော်လိုက်ပေးပါဆိုတာကြောင့် ဦးဝေ ဆီခွင့်တောင်းပြီး သူရိန်လိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော် အခုပျင်းနေရသူ က သူရိန်ပင်။

"ဟူးးးး အဲ့လိုမှန်းသိ မလိုက်ခဲ့ပါဘူး ပျင်းလိုက်တာ"

ဘယ်လောက်ကြာကြာစောင့်ရအုံးမလဲ မသိတာကြောင့်ဖုန်း သုံးရင်းစောင့်ဖို့ဆုံးဖြတ်လိုက်သည်။ internet ဖွင့်ကြည့်တော့ group chat ထဲ စာတွေ တတောင်တောင်ဝင်နေ၏ ဝင်နေတဲ့စာတွေ လိုက်ဖတ်နေရင်း ပြောနေကြတဲ့ အကြောင်းအရာကိုသူရိန်စိတ်ဝင်စားသွားသည်။ စာတစ်လုံးရိုက်ပြီး group ထဲပို့လိုက်၏

*party?*

သူရိန် group chat ထဲဝင်လာတာ သိသည်နှင့် သူရိန့်ကိုပါ မဲဆွယ်ကြတော့၏ အကြောင်းအရာ က major 2 ခုပေါင်းပြီး party တစ်ခု လုပ်မယ်ဆိုတဲ့အကြောင်း ..... exam ပြီးတဲ့ အချိန် club တစ်ခုခု မှာ day party လုပ်မယ်ဆိုတဲ့အကြောင်းကို အကြီးအကျယ်တိုင်ပင်ဆွေးနွေးနေကြခြင်းဖြစ်သည်။

*သားကြီးတို့... party!!!..... ငါ့ fri ရေကြောင်းက ကောင်တွေကပါ join မယ်ပြောတယ်*

ဇွဲနိုင် ပို့လာသည့် စာကို သူရိန် ဖတ်ပြီး keyboard ပေါ် စာရိုက်ပြီးပို့လိုက်၏

*ဘယ် club လဲ*

*channel V မှာ လုပ်ရင်ကောင်းမယ် ခန်းမငှားရင် DJ man ပါပြီးသား*

party ဆိုတာနှင့် သူရိန်ပထမဆုံးမျက်စိထဲပေါ်လာသူကဦးဝေဖြစ်သည်။ အဲ့လိုနေရာတွေလွှတ်ပါ့မလားတော့မသိ။ အိမ်ပြန်ချိန်ညနေ ၅ နာရီကျော်လို့မရသည့် သူရိန့်အတွက်တော့ party ဆိုသည့်အကြောင်းအရာအတွက် အခက်တွေ့ရသည်။

သက်ဆိုင်သူ (Unicode+Zawgyi)Where stories live. Discover now