Part 1

93 3 0
                                    

Taeတစ်ယောက်အိမ်မှာရှိနေတုန်း

Hobi:"ဟေ့Taehyungမင်းအလုပ်ရှာနေတာမလား ဒီမှာဒါ Great Hit Entertainment ကလေအလုပ်ခေါ်နေတယ်"

Hobiကလက်ထဲကစာရွက်တွေကိုကမ်းပေးရင်းပြောလာသည်။

Tae:"ဘာလဲ အဆိုတော်တွေရဲ့အတွင်းရေးမှုးလက်ထောက်လား ကျနော်လုပ်နိုင်ပါ့မလား"

Hobi:"လုပ်ကြည့်ပေါ့ပြီးတော့မင်းက အဆိုတော်
Jeon Jungkookအတွင်းရေးမှုးရဲ့လက်ထောက်လုပ်ရမှာ"

Tae:"တကယ်တော့ကျနော်ကအဲ့ဒီ့ JeonJungkookကဘယ်သူလဲတောင်သေချာမသိဘူး"

Hobi:"ဟင် မင်းဟာကလည်းသူ့တောင်မသိဘူးလား
ဒါပေမယ့်မင်းအလုပ်တော့ရအောင်လျှောက်ကွာ
ဒီအလုပ်မျိုးက ရတောင့်ရခဲ"

Tae:"ဘာကိုရတောင့်ရခဲလဲ"

Hobi:"သူကနာမည်ကြီးကွ သူ့နားမှာအလုပ်လုပ်ချင်တဲ့သူတွေအများကြီး မင်းအလုပ်လျှောက်မယ်ဆိုသူ့အကြောင်းလေးနည်းနည်းစုံစမ်းပေါ့ကွာ"

Tae:"အင်းပါအလုပ်တစ်ခုခုတော့ရမှဖြစ်မှာဆိုတော့လျှောက်ရမှာပဲ"

Hoseok ကပြောပြပြီးအိမ်ပြန်သွားသည်။

Taeကinternetပေါ်ကjeon jungkookရဲ့အကြောင်းလေးတွေရှာကြည့်သည်။

Tae:"ဟင်သူကအချေကိုယ်တော်တဲ့ fanတွေကိုတော့အရမ်းချစ်တာပဲတဲ့၊ဒါပေါ့ ဒါပေါ့ကိုယ့်fanမှကိုယ်မချစ်လဲ၊ပြီးတော့-------------------(ဘာညာကွိကွ)

Tae's pov:ဘာပဲဖြစ်ဖြစ်လျှောက်ကြည့်ရမှာပဲ သူ့နားမှာအလုပ်လုပ်ချင်သူတွေများမှာဆိုတော့ရရောရပါ့မလား

ဒီလိုနဲ့Taeလည်းအလုပ်လျှောက်တယ်ပေါ့နော်

********************************
နှစ်ရက်ခန့်ကြာသော်
Taeကမနက်စာပြင်ဆင်နေတုန်း

*ကလင် ကလင်*
Tae:"hello"

someone:"မဂ်လာပါ ဟိုKim Taehyung လားမသိဘူး"

Tae:"ဟုတ်ပါတယ်"

someone:"ဟုတ်ကဲ့ Great Hit Entertainment
ကပါ အလုပ်လျှောက်ထားတာလေ အဲဒါအလုပ်ရတဲ့အကြောင်းလှမ်းဆက်သွယ်တာပါ"

Tae:"ဗျာ ဟုတ်ကဲ့"

someone:"မနက်ဖြန်အလုပ်ဆင်းနိုင်ပါပြီ"

Tae:"ဟုတ်ကဲ့ကျေးဇူးပါ"

Taeတစ်ယောက်Hoseokကိုဖုန်းလှမ်းဆက်သည်။
Tae:"hello ,hoseok Hyung ကျနော်အလုပ်ရပြီ"

Hobi:"ဟုတ်လား ငါပြောသားပဲလျှောက်ကြည့်ပါလို့"

Tae:"ဟုတ်အဲဒါလှမ်းပြောတာ ဒါပဲ"

Hobi:"ok ok"

*************************
Time skip
မနက်ဖြန်ရောက်ပါပြီ

Taeလေးလည်းမနက်စာစားရေမိုးချိုးပြီးအလုပ်ကိုလာခဲ့သည်။

အလုပ်ရောက်တော့
Tae:"ကျနော်ရောက်ပါပြီ"

someone:"ဪ မင်းကKim Taehyungမလား"

Tae:"ဟုတ်ပါတယ်"

someone:"အစ်မနာမည်က Juriပါ Min Juri"

Tae:"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်"
ထိုစဉ်အခန်းထဲကိုတစ်ယောက်ယောက်ဝင်လာပြီး

someone:"Juri shii, Jungkook ရောက်နေပြီ"

Juri:"အင်းပါ ငါလာခဲ့မယ်"
Juriက Taeဘက်လှည့်ပြီး

Juri:"Taehyung shii,ဒီနေ့jungkookဓာတ်ပုံရိုက်ဖို့ရှိတယ်၊အစ်မပေးလိုက်တဲ့အကျီတွေသွားပေးရင်း
နှုတ်ဆတ်လာခဲ့ပေါ့ အစ်မကတော့မိတ်ကပ်လိမ်းတဲ့အခန်းမှာရှိမယ် ဖြစ်ရဲ့လား"

Tae:"ဟုတ်ကဲ့"
Juriဆိုတဲ့jungkookရဲ့အတွင်းရေးမှုးကသဘောကောင်းမည့်ပုံ၊သူ့ကိုသူလည်းအစ်မ၊အစ်မနဲ့
သူနဲ့စကားပြောရတာဖြောင့်ဖြောင့်ဖြူးဖြူးရှိသည်။

Taeလည်းjuriပြောသလိုjungkookဆီအကျီတွေယူပြီးလာခဲ့တယ်။

*ဒေါက် ဒေါက်*
Jk:"ဝင်ခဲ့"

Tae:"ဒီမှာအစ်မjuriပေးလိုက်တဲ့အကျီတွေ Jungkook shiiကိုဝတ်ပြီးမိတ်ကပ်လိမ်းတဲ့အခန်းကိုလာခဲ့ပါတဲ့"

Jk:"မင်းကအသစ်ရောက်တဲ့ကောင်လေးလား"
Jungkook ကTaeကိုတောင်မကြည့်ဘဲပြောနေသည်။

Tae:"nae"

Jk:"နာမည်"

Tae:"Kim Taehyung ပါ"
Jkကnecktieကိုမဖြုတ်တတ်ဘဲဖြစ်နေတယ်အရင်ကသူဝတ်တဲ့ဟာနဲ့မတူဘူးလေ။

Tae:"ကျနော်ကူညီရမလား"
JkကTaeကိုတစ်ချက်တောင်မကြည့်ဘဲ

Jk:"မလိုဘူး"
နောက်တော့သူ့ဟာသူလိမ်ဖယ်ပြီးဖြုတ်နိုင်သွားတယ်။

Tae's pov:သူ့မာနတော့အထိခိုက်မခံဘူး၊ဘယ်လိုတွေတောင်လုပ်ထားတာလဲnecktieကတောင်ကြေမွနေပြီ

Tae:"ဒါဆိုကျနော်သွားတော့မယ်နော်"

Jkကခေါင်းသာငြိမ့်ပြလိုက်သည်။
Jkက Taeကိုတစ်ချက်တောင်သေချာမကြည့်လိုက်ပေ။

🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠

JeonWhere stories live. Discover now