Part 4

31 4 4
                                    

ဆိုးလ် (စီးပွားရေး တက္ကသိုလ်) ပထမနှစ်

ရောင်စုံဝတ်စုံများကြားထဲတွင် အဖြူရောင် အကျီ ဂျင်းဘောင်းဘီအပြာရောင်လေးနှင့် ထပ်ထူထူဆံပင်ကောက်ကောက်လေးများက နှဖူး‌ပြင်ပေါ်ဝေ့ဝဲလျက် မျက်မှန်ဝိုင်းဝိုင်းကြီးကြီးလေးက ဝိုင်းဝိုင်းစက်စက်မျက်လုံးလေးတွေကိုဖုံးကွယ်ထားဟန်။ ထယ်ယောင်းတစ်ယောက် လက်မှနာရီကိုကြည့်ပြီး

"ကျစ် စစတက်ချင်း ကျောင်းနောက်ကျပြန်ပြီ"

ဟုဆိုကာအမြန်ပြေးပြီးမိမိတက်ရမည့် အခန်းဆီသို့။ အခန်းပေါက်ရောက်ရောက်ချင်း ဟိုဆော့ ကိုတွေ့သောကြောင့် သက်ပြင်းချကာ အခန်းထဲသိူ့ဝင်လိုက်သည်။

"ထယ်ယောင်းရာ မင်းဘယ်လိုဖြစ်လာတာလဲ ကျောင်းကလည်းနောက်ကျသေး။ အကျီလည်းကောင်းကောင်းဝတ်မလာဘူး ဆံပင်ကဘယ်တော့မှကိုက်မှာလည်း။ အရင်လိုပြန်နေပါကွာ "

ဟုတ်ပါသည်။‌ထယ်ယောင်းမောင်နှင့်လမ်းခွဲပြီးကတည်းက ပြင်ပြင်ဆင်ဆင်သိပ်မနေဖြစ် ဖြစ်သလိုသာနေသည်။ တက္ကသိုလ်မတက်ခင် ပါပါးရဲ့ အလုပ်တွေအကုန် နားလည်အောင်လေ့လာသည်။ ပါပါးကကို နားပါဟုပြောယူရသည်အထိ။ အချစ်ရေးနဲ့ပက်သက်ပြီးလည်းစိတ်မဝင်စားတော့။ အားလပ်ချိန်တွင်တော့ သူဝါသနာပါရာ ဓာတ်ပုံရိုက်ခြင်းကို တော့ အချိန်ပေးပြီးလေ့လာဖြစ်သည်။ ‌ငယ်ငယ်ရွယ်ရွယ်နှင့် စီးပွာ‌းရေး အကွက်မြင်လွန်းသော ထယ်ယောင်းကို ရှယ်ယာရှင်များကပါလေးစားကြသည်။လူတွေအမြင်မှာတော့ပြည့်စုံနေပေမဲ့ အချစ်ရေးနဲ့ပက်သက်ပြီး တိတ်တိတ်လေးအသဲကွဲနေတာဆိုတာ သူတို့ဘယ်သိမလဲလေ။

"ထယ် ထယ်ယောင်း ဘာတွေငေးနေတာလဲ ငါခေါ်နေတာကြာလှပြီ"

" ဪ အတွေးတွေများနေလို့ ဟီး "

"အေးပါကွာ"

"ဒါပြီးရင်ကုမ္ပဏီသွားမှာလား "

"ဟင့်အင်း မသွားသေးဘူး။ ဂျင်ဟျောင်းက ဂျပန်ကနေပြန်လာပြီ။ ငါကျောင်းတက်တုန်း သူကဒီကုမ္ပဏီမှာဦးစီးမှာ။ ငါ့ကိုကျောင်းကိုပဲအေးအေးဆေးဆေးပျော်ပျော်ရွှင်ရွှင်တက်ပါတဲ့။ ငါကျောင်းပြီးမှ ပြန်ပြီးဦးစီးတဲ့။"

If I was your ManWhere stories live. Discover now