part30

2.2K 129 16
                                    

<Unicode>
ယီကျိုး သူ့ရှေ့က စားစရာတွေကိုကြည့်ပြီး မျက်လုံးပြူးနေပြီ။စက်သေနတ်ပစ်သလိုပြောပြီး ရှောင်းကျန့်က မှာလိုက်တာမို့ ဘာတွေမှန်းတောင်မသိခဲ့တာတွေက အခုတော့ စားပွဲတောင်ပြည့်နေပြီ။

ယီကျိုးဖြစ်ပျက်နေတဲ့ ပုံစံကိုကြည့်ပြီး ရှောင်းကျန့်က ရယ်တယ်။အဲလောက်ထိတော့ မလုပ်ပြနဲ့လေ..။

' မပြန်ခင်များများစား..ဒီနေ့ မင်းအစ်ကိုက သဘောမနောကောင်းလို့ ကြည်ကြည်ဖြူဖြူ အပြင်ထွက်ခွင့်ပြုတာ..´

ပြောလည်းပြော ပါးစပ်ကိုလည်း အလုပ်ပေးပြီး ရှောင်းကျန့်ကပြောတယ်။ဒါလည်း ဟုတ်သား..။မျက်စိအောက်က အပျောက်မခံတဲ့ သူ့အစ်ကိုက မနက်က နှစ်ယောက်တည်းအပြင်သွားမယ်ပြောတော့ ဘာမှအဒွန့်မတက်ဘဲ ခွင့်ပြုပေးခဲ့တာ။

' ငါစားမှာပါ..မင်း မှာထားတာက အရမ်းများနေတယ်..ငါက နှမြောလို့..နှစ်ယောက်တည်း မကုန်...´

မကုန်နိုင်ဘူးလို့ပြောချင်တာတောင် မဆုံးသေး..။ရှောင်းကျန့်ခွံ့ကျွေးလိုက်တဲ့ ဘာမှန်းမသိတဲ့ဟာ..မဟုတ်သေးဘူး အမှန်က ပါးစပ်ပိတ်ပေးလိုက်တာ ။

' ဘေဘီ..´

ယီကျိုး ပါးစပ်ကဝါးတာ မကုန်သေးဘူး ။အချိန်ကိုက်ရောက်လာတဲ့ သူ့အစ်ကိုတော် ရိပေါ်ကို အားကိုးတကြီးမျက်လုံးတွေနဲ့ ကြည့်မိတယ်။ဒါပေမယ့် သူ့အစ်ကိုကတော့ သတိမထားမိဘူး။ဘယ် သတိထားမိမလဲ..သူ့အကြည့်တွေက သူ့လင်ဆီပဲရောက်နေတာကို။ရှေ့က ယီကျိုးကို တွေ့မယ်တောင်မထင်ဘူး။

' ကိုကို..ဘယ်လိုလုပ်..´

ရိပေါ်က ကောင်လေးဘေး ဝင်ထိုင်ပြီး ခေါင်းလုံးလုံးလေးကို ဆွဲယူကာ ပါးတဖက်ကို မွှေးကြူမိတယ် ။ဒီနေ့ကျမှ မတရားချစ်ဖို့ကောင်းနေတာ..။ဒီလို ချစ်စရာကောင်းတဲ့ သူ့ကလေးကို လူတွေဘယ်လောက်တောင်မှ ဝိုင်းကြည့်နေကြပြီိလဲမသိ။ဒီကလေးကို စိတ်မချတာ အဲဒါကြောင့် ။

' ဘယ်လိုရောက်လာတာလဲလို့..ဟင်´

သူ့လက်မောင်းကို ဆွဲရမ်းပြီး ထပ်မေးလာတဲ့ ကောင်လေး။

' ကိုယ်.. ဒီနေ့ ဘေဘီကို မတွေ့ရတော့ နေလို့မကောင်းဘူး..အရမ်းလည်းလွမ်းနေတာ..တွေ့ချင်လွန်းလို့လေ..ရှိသမျှအလုပ်တွေပစ်ထား..location ရှာပြီးရောက်လာတာ..´

Hăo Jiŭ Bù Jiàn(好久不见)(Completed )Donde viven las historias. Descúbrelo ahora