Part 1

8.4K 108 0
                                    

"ကိုယ့်ကိုယ်ကိုယ်ချစ်ပါ
ကိုယ့်အတွက်ကိုယ်ပဲရှိတယ်
ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ"

ထိုစကားလုံးတွေဟာ ကျွန်မတို့လူ့ပတ်ဝန်းကျင်မှာရိုးအီလောက်အောင်မကြာခဏကြားခဲ့ဖူးတဲ့စကားလုံးတွေပါပဲ

လူအတော်များတော့မသိဘူး

ကျွန်မအတွက်တော့အဲ့ဒီ့စကားလုံးတွေက
တသွေမတိမ်းလိုက်နာရမဲ့စည်းမျဉ်းဥပဒေဖြစ်လာခဲ့တယ်

ကျွန်မရဲ့ကိုယ်ပိုင်ခံယူချက်ပေါ့

ကျွန်မကိုလူအတော်များများကတကိုယ်ကောင်းဆန်တယ်အတ္တကြီးဆိုတဲ့တံဆိပ်ကပ်လေ့ရှိတယ်

အဲ့ဒီလူတွေထဲမှာကျွန်မရဲ့မိသားစု
မောင်နှမတွေ လက်တစ်ဆုပ်စာတောင်မရှိတဲ့ကျွန်မရဲ့သူငယ်ချင်းတွေ
နောက်ဆုံးကျွန်မကိုချစ်လှပါပြီရဲ့ဆိုတဲ့ကျွန်မရဲ့သတို့သားလောင်းလင်းနစ်တောင်ပါတယ်

တကယ်တမ်းတော့ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ်အချစ်လွန်နေခဲ့တာပါ
ကျွန်မလောကကြီးကိုတကယ်ကြောက်တယ်
လူဆိုတာကြောက်ကန်ကန်တက်တဲ့သဘောရှိတာပဲလေ
ဒါကိုအပြစ်လို့မြင်နေရင်လည်းကျွန်မဂရုမစိုက်ပါဘူး

အချိန်ရယ်
ကျွန်မကိုဒီလိုပုံစံဖြစ်အောင်တိုက်စားပုံသွင်းပေးတဲ့ အတိတ်ကဖြစ်ရပ်ဆိုးတချို့တချို့ရယ်ကြောင့်
တစ်ခါတစ်လေဆိုကိုယ့်ကိုယ့်ကိုယ်တောင်အံ့ဩရလောက်အောင်အေးစက်သွားခဲ့တယ်

ကျွန်မနာမည် မေရီပါ
မေရီဆိုတာကျွန်မရဲ့အိမ်ခေါ်နာမည်
ကျွန်မဘာသာကျွန်မတော့ လူတွေကိုMary လို့ပဲမိတ်ဆက်လေ့ရှိတယ်.....

ကျွန်မအမေပေးထားတဲ့ကျွန်မနာမည်အရင်းက ခင်နန်းကြည် တဲ့ ဘယ်လောက်တုံးတဲ့နာမည်ကြီးလဲ

ကလေးတစ်ယောက်ရဲ့နာမည်ကို မိဘကပေးလိုက်ရုံနဲ့ အဲ့ဒီ့ကလေးရဲ့ဘဝတစ်လျောက်လုံးမှာ အဲ့နာမည်ပဲပိုင်ဆိုင်ရမယ်လို့ဘယ်သူပြောလဲ
ကျွန်မဘဝကျွန်မပိုင်တယ်
ကျွန်မနာမည်ကျွန်မပိုင်တယ်

                                     ................

" မေရီ...မေရီ..."
အနောက်မှအမောတကောပြေးလိုက်လာတဲ့ခေါ်သံကြောင့် ကျွန်မခြေစုံရပ်ရင်းလှည့်ကြည့်လိုက်သည်

The Old Me & YouWo Geschichten leben. Entdecke jetzt