Zawgyiရောင်နီမနွေးခင်မို့ ပတ်ဝန်းကျင်တခွင် မပီဝိုးတဝါးသာ ရှိနေသည်.
အအေးဓာတ်ကလည်း အတော်ကဲနေလေသည်.. မြူမှုန်တို့ရစ်ဆိုင်းနေသောကြောင့် ပတ်ဝန်းကျင်ကို ကောင်းစွာမမြင်ရ.. ပိုးကောင်ငယ်တို့၏ တကျီကျီအော်မြည်သံများကို တရံတခါကြားရသည်..ပိတ်ပိန်းအောင်ကျနေသော မနက်ခင်း၏နှင်းမှုန်တို့က ပတ်ဝန်းကျင်တစ်ခွင်ကို အေးစိမ့်နေသည်အထိ ထွေးပိုက်ထားသည်.. ခပ်လှမ်းလှမ်းတွင်မြင်ရတတ်သော တောင်တန်းပြာတို့ကား နှုင်းမှုန်ဇာလွှာအောက်တွင် ခပ်ရေးရေးသာထင်နေသည်.. အရာရာဝိုးတဝါးသာမြင်ရသော်လည်း ထီးထီးကြီးရှိနေသောအိမ်ကြီးကိုကား ထင်ရှားစွာပင်မြင်ရလေသည်.. အိမ်ကြီး၏ဘေးရှိ ရေကန်ထဲတွင် နှင်းမြူတို့၏ ပယောဂကြောင့် သေးငယ်သောလှိုင်းငယ်တို့ ရွေ့လျားနေကြသည်.. ခပ်မှိန်မှိန်မီးရောင်တို့က အိမ်ကြီးရှင်တို့ နိုးထပြီးနေကြောင်းဖော်ပြနေသည်.. တိတ်ဆိတ်နေသောပတ်ဝန်းကျင်ကြောင့် အိမ်ထဲမှစကားသံအချို့ကိုပင်ကြားနေရသည်.."လူလေး မစောလွန်းဘူးလားကွယ်..."
"ခုနေသွားမှတော်တာ အဘရ.. နေမြင့်ရင် လူစည်လာရောလေ..."
တမင်းချက်နေရာမှ အပြေးအလွှားထလာသော အဖိုးကြီးမှာ ဒါလည်းဟုတ်တာပဲဟု တွေးမိလေသည်.. သူ့သခင်လေး၏ သီးသန့်ဆန်လွန်းသောစရိုက်ကို သိထားသူပီပီ အသာယာပင် သဘောတူမိသည်.
"တဘက်လေးယူသွားအုံး ကောင်လေး. ခေါင်းဆောင်းရတာပေါ့ကွဲ့ ."
လူငယ်လေးဟာ နာခံစွာပင် တဘက်တထည်ကို ဆွဲယူသွားလေသည်.. ရွာထိပ်ရှိဘုရားကျောင်းဟာ ဒီကနေဆို အတော်လေးလျှောက်ရသေးတာမဟုတ်လား.. ဤတူလိုသားလိုတွယ်တာရသောကောင်လေးသည် သူ့အိပ်ထိန်းမှုအောက်တွင်ရှိခဲ့ရာကနေ သားအရင်းသဖွယ် ချစ်ခင်တွယ်တာလာခဲ့ရလေသည်. သူနှင့်သာရှိခဲ့သော ကောင်လေးသည် အထီးကျန်မှုတွေကို စန္ဒယားဖြင့်သာ ကုစားပုံရလေသည်. အနည်းဆုံးတပတ်တခါမျှ ဘုရားကျောင်းက စန္ဒယားဆီမသွားရမနေနိုင်သော ကောင်လေးသည် ယခုလည်း မနက်အစောပင် မြူတွေကြားထွက်သွားပြန်ပါပြီ.
မီးကျသွားသည်ကို ထင်းထပ်ဖြည့်လိုက်ရင်း ဆောင်းတွင်းကြီးဝယ် အဖိုးအိုတယောက် မီးဖိုရှေ့ အတွေးလွန်ရပြန်လေသည်..
YOU ARE READING
ရှေးရေစက်လေးကိုရှာတွေ့ခြင်း//a journey to my half-heart
Romanceသေချာပါတယ် ပျောက်ဆုံးနေခဲ့တဲ့ ငါ့ကမ္ဘာငယ်လေးက မင်းပဲ...!