part31

2K 129 8
                                    

<Unicode>
နဖူးကိုလာပြီး ကျီစယ်နေတဲ့ ဝင်သက်ထွက်သက် ခပ်နွေးနွေးလေးကြောင့်..ရှောင်းကျန့်နိုးလာခဲ့တယ်။မျက်လုံးကို တဖြည်းဖြည်းဖွင့်ကာကြည့်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသေးတဲ့ကိုကို။

ကိုကို့လက်မောင်းကိုပဲ ခေါင်းအုံးလုပ်ထားတတ်တဲ့ ရှောင်းကျန့်ကြောင့် သခင်ရဲ့အဖက်လုပ်ခြင်းမခံရတဲ့ ခေါင်းအုံးလေးက မျက်နှာငယ်ရတာ ကြာခဲ့ပြီ။ထားပါ..ရှောင်းကျန့်က ကိုကို့စကားနားထောင်ရတာ ပိုကြိုက်တယ်။

မျက်ခွံမို့မို့လေးတွေပေါ်က အတော်အတန်ထူတဲ့ မျက်ခုံးတန်းလေးတွေကိုလည်း ရှောင်းကျန့်ကြိုက်တယ်။ပြီးတော့ နှာခေါင်းလုံးလုံးလေးရော..။ယစ်မူးစရာကောင်းတဲ့ အနမ်းချိုချိုလေးတွေ ခြွေတတ်တဲ့ အသဲပုံ မထူမပါး နှုတ်ခမ်းလေးတွေကိုလည်း ရှောင်းကျန့်မြတ်နိုးတယ်။

လူးလွန့်ကာ နိုးလာတဲ့ ကိုကို့ကြောင့် မျက်လုံးကို အတင်းမှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တော့ နဖူးပေါ်ဖိကပ်လာတဲ့ ခပ်နွေးနွေးနှုတ်ခမ်းတစုံ။

' အဆိုးလေး..နိုးရင်လည်းထတော့..´

အနမ်းပေးပြီးတော့ နှာခေါင်းကို ခပ်ဖွဖွဆွဲရင်းပြောလာတာမို့ ရှောင်းကျန့် မျက်လုံးဖွင့်ကာ ဆူပုတ်ပုတ်နဲ့ကိုကို့ကို ကြည့်လိုက်မိတယ်။

'ရော..ဘာတွေဖြစ်ပြန်တာလဲဘေဘီလေး..ထတော့..ကိုယ်မျက်နှာသစ်ပေးမယ်..´

ချက်ချင်းဆိုသလို ရှောင်းကျန့်က ရိပေါ်ကို တင်းကြပ်စွာ လှမ်းဖက်ကာ ရင်ခွင်ထဲတိုးဝင်ရင်း ခေါင်းတရမ်းရမ်းလုပ်တယ်။ခြေထောက်လေးတွေနဲ့ပါ အတင်းခွကာ ကုပ်တွယ်ထားသေး။ သဘောက သူ မထချင်သေးဘူးပေါ့။ရိပေါ် သဘောတကျ ရယ်မိတယ်။

' company သွားရအုံးမယ်လေ ဘေဘီရဲ့..ခု မထရင် နောက်ကျမှာပေါ့ ´
' ဟင့်အင်း..မသွားနဲ့ ´
'မှန်းစမ်း..နေမကောင်းဖြစ်နေတာလား ´

နဖူးနဲ့ ပါးပြင်လေးတွေကို အသာစမ်းကြည့်တော့ ခပ်နွေးနွေး။ညက ချော့မော့ပြီး ဆေးတလုံးတိုက်ထားတာတောင် အဖျားကျန်နေသေးတာပဲ ။အဲဒါကြောင့်မို့  ချွဲချင်နေတာကိုး။နေမကောင်းဖြစ်ရင် ဒီကလေးက လူအရမ်းကပ်တယ်။

Hăo Jiŭ Bù Jiàn(好久不见)(Completed )Hikayelerin yaşadığı yer. Şimdi keşfedin