The Truth Untold

196 9 2
                                    

"သူ့ ဆီက အင်တာဗျုး ရမယ် ဆိုရင် ငါတို့ မဂ္ဂဇင်း ပေါက်ပြီပဲ " အယ်ဒီတာ ရဲ့ အသံကြောင့် သတင်းခန်းထဲက သူများ အားလုံး ခေါင်းထောင်လာကြသည်။ အရှိန်အဟုန်နှင့် ထွက်ပေါ်လာနေသော ဖက်ရှင်မဂ္ဂဇင်းများ ကြား တွင် သက်တမ်းရင့် မဂ္ဂဇင်း တစ်စောင် အနေဖြင့် ပုံမှန်သာ ရပ်တည်နေခဲ့ပြီး လက်ရှိအချိန်မှာ Hit ဖြစ်နိုင်မယ့် Trend နောက်ကို လိုက်ရန် လိုအပ်နေပါသည်။

ဆိုရရင် Hit အဖြစ်ဆုံး Trend ဟာလည်း သူ ပဲ ဖြစ်ပါလိမ့်မည်။ သူ ဟာ နာမည် ကြီးလာသော သုံးလ အတွင်းမှာ မည်သည့်မဂ္ဂဇင်းနှင့် မှ exclusive အင်တာဗျုး မပြုလုပ်တာကြောင့် ပရိသတ် ရဲ့ စိတ်ဝင်စားမှု ကို အမြင့်ဆုံးထိ ရယူထားနိုင်ခဲ့ပါသည်။ သူ့အကြောင်းတွေကို Googling တစ်ချက် လုပ်လိုက်တာနဲ့ အလွယ်တကူ သိနိုင်ပေမဲ့လည်း အခြေခံ အချက်တွေလောက်သာ ဖြစ်တာကြောင့် လူတွေက အားမလိုအားမရ ဖြစ်နေကြတာပါ။

"ကဲ ဘယ်သူ တာဝန်ယူမလဲ သူ နဲ့ အင်တာဗျုးဖို့ တာဝန်" အယ်ဒီတာ ရဲ့ ပြောစကား အောက်မှာ တစ်ခန်းလုံး တိတ်ဆိတ်သွားပါသည်။ မကြာခင်မှာပဲ တီးတိုးသံများ ထွက်လာပြန်ပါသည်။ "အတွေ့အကြုံရှိတဲ့ သူပဲ တာဝန်ယူတာကောင်းတာပေါ့ PP လုပ်လိုက်ပါလား " စီနီယာ သတင်းထောက် တစ်ယောက်ဖြစ်တဲ့ ဆု က လှမ်းပြောလိုက်တာပါ။

"ကောင်းပါ့မလား ဆု ရာ ဟီး " တစ်ကယ်တော့ အဲ့အသံ ကြားကတည်းက ဘယ်လောက်ပျော်သွားလဲ သိကြမှာပါ။ သို့ပေမဲ့ အဲ့တာဝန် ယူလိုက်လို့ ကောင်းပါ့မလား ဆိုတာလည်း တစ်ဖက်က စဉ်းစားနေမိပြန်သည်။ ဒီတစ်ပတ် ကာဗာ ကို သူ လို့ သိလိုက်ကတည်းက တာဝန်ယူချင်နေသော သတင်းထောက်တွေ အများကြီးပါ။

"တစ်ယောက်ယောက်ကို တာဝန်ပေးမဲ့အစား PP လုပ်လိုက်တာ ပို အဆင်ပြေမယ် " Stylist

သော် ကလည်း မပြောစဖူူး ဝင် ပြောတာကြောင့် တစ်ချက်စဉ်းစားလိုက်မိသည်။ အင်း ငါ လုပ်လိုက်တာ ကောင်းမလား..... မှတ်စု စာအုပ်လေးကို တစ်ချက်ပြန်ကြည့်လိုက်သည်။ တခြားအထွေအထူး အစီအစဉ်တွေ ဘာမှမရှိပါ။

"အင်း ဟုတ်ပြီ ဒါဆို ကျတော် တာဝန်ယူလိုက်မယ်"

"အင်တာဗျူး သွားတဲ့အခါ ခေါ်ပါ ဗျို့" " ဟုတ်တယ် လိုက်ချင်တယ်"

ငှယ် စတောင် မစရသေး။ ကူညီကြမဲ့ စေတနာ တွေက အဆင့်သင့်။ ဟား ဟား ခင်ဗျားက တစ်ကယ် စော်ကြည်ဘဲ ပဲ ။ သူ့ မျက်နှာကို မြင်ယောင်ရင်း တွေးမိလိုက်သည့် အတွေးပါ။

အစည်းအဝေး ပြီး သွားသောအခါ သူ့ ကို အင်တာဗျူး ဖို့ ဆက်သွယ်ရပါမည်။ သုံးကြိမ်မြောက် ခေါ်ဆိုသံ

အဆုံးမှာ တဖက်သို့ ဖုန်းလိုင်း ဝင်သွားခဲ့ပါသည်။

"ဟယ်လို History မဂ္ဂဇင်း က သတင်းအယ်ဒီတာပါ သူ နဲ့ Exclusive အင်တာဗျုးလုပ်ချင်လို့

ဆက်သွယ်လိုက်တာပါ ခင်ဗျ 

ကျတော် PP Krit  ပါ"

ရက်စ်! ဇာတာတွေတက်နေတယ် ဆိုတာ ဒါမျိုး ကိုပြောတာဖြစ်မည်။ သည်လောက် အဆင်ပြေမည်တောင် မထင်ခဲ့ပါ။ ဘယ် မီဒီယာနဲ့မှ အင်တာဗျုး လက်မခံသော အနှီ ဆယ်လီ က ကျတော်တို့နဲ့ အင်တာဗျုးလုပ်ဖို့ စိတ်ဝင်စားပါသတဲ့။ သူ့ မန်နေဂျာက အကြောင်းပြန်ပါသည်။

"ယို့ ယို့ တစ်ဝိုင်းတော့ လုပ်လိုက်တော့ "

" ရုံးဆင်းရင် သွားမယ်နော် နော်"

တစ်ယောက်တစ်ပေါက် ဝိုင်းအော်နေကြသည့် အသံများကြားမှာ ကျတော် ပြုံးနေခဲ့ပါသည်။ ကျတော် သူ့ကို ဘယ်လောက် သဘောကျလဲ ဆိုတာ ကျတော် သာသိပါသည်။ တစ်ခါမှ အပြင်မှာ မမြင်ဖူးသောကြောင့် တွေ့ရတော့မည့် မနက်ဖန် အတွက် ကြိုတင်ရင်ခုန်နေပြန်ပါသည်။

" ဟာ ဘယ်လိုတွေ ခုန်နေတာလဲ ငါ့အရုပ် ကို ထိမိတော့မယ်" "အမလေး မာမီရယ် မထိပါဘူး အဝေးကြီးပါ အဖြစ်တွေ လာသည်းနေတယ်"

အသံတွေ ကြားမှ အာရုံပြန်စုစည်းမိသည်။ တစ်ချက်လှမ်းကြည့်လိုက်တော့ ဖွင့်ထားသည့် သီချင်းသံနဲ့ အတူလိုက် ခုန်နေကြသော ညီညီ တို့ တွေ။

သူ့ သီချင်းသံ ထွက် နေသောာ စပီကာ ကို အသံတိုးဖို့ လက်လှမ်းရင်း ဘေးက ဖုန်းကို ပါ ယူလိုက်သည်။

Instagram က Noti တက်နေတာကြောင့် ကြည့်လိုက်တော့ Follow Requests ထဲမှ အမည် တစ်ခု က

bbillkin

ဖုန်း ကို ကြည့်ရင်း အံ့အားသင့်နေမိသည်။

.................................................................................................................................................. 

You've reached the end of published parts.

⏰ Last updated: Aug 28, 2021 ⏰

Add this story to your Library to get notified about new parts!

UntitledWhere stories live. Discover now