အချစ်ဦးပုံပြင်🍂(1)

541 50 0
                                    

မိုးတွင်းဖြစ်တာကြောင့်အိမ်ပြောင်းရတာတော့မလွယ်ကူလှပေ။ဒါပေမယ့်လည်း ကျောင်းနဲ့နီးတဲ့နေရာကိုမှ ရွေးချယ်ခဲ့တာ မေမေမဟုတ်လား မလွန်ဆန်နိုင်ဘူး။မေမေက ဆရာဝန်မို့လို့ နယ်မြို့အရပ်ရပ်ကို တာဝန်ကျတိုင်းပြောင်းရွှေ့ရတယ် အဲ့လိုအချိန်ဆို ဖေဖေနဲ့ jungwon ကလည်း အလုပ်နဲ့ကျောင်းတွေ အပြောင့်အရွှေ့လုပ်ရမြဲ။ဒီတစ်ခါပြောင်းရတာတော့ အဆင်မပြေလှဘူး မိုးတွင်းဖြစ်နေလို့။

"မေမေရေ ဒီမှာ သားစာအုပ်ထည့်ထားတဲ့ဗုံး ရေစိုသွားပြီ"

"ဘယ်လိုဖြစ်တာလဲ ကလေးရဲ့ မေမေကြည့်ဦးမယ် ပြကြည့်"

"အင်း နည်းနည်းစိုသွားတာပဲ မေမေအထုပ်တွေနေရာချပြီးရင် မီးပူနဲ့ပြန်တိုက်ပေးမယ်နော် အခုခဏဖြန့်ထားလိုက်"

"ဟုတ်"
________________

"ကလေးရေ ဒီနေ့ကျောင်းသွားအပ်ရမယ်လေ မပြီးသေးဘူးလား"

"မေမေ သားဖုန်းရှာမတွေ့ဖြစ်နေလို့"

"ကလေးက နမော်နမဲ့နဲ့ကွာ မေမေဖုန်းကိုအိတ်ထဲထည့်ပေးထားတယ်လေ"

"ဟုတ်လား အဲ့ဒါကြောင့်ပျောက်နေတာ ဒါဆိုသွားမယ်မေမေ"
_____________

"နောက်အပတ်ကစပြီး ကျောင်းဖွင့်မှာပါ ကျောင်းမှန်မှန်လည်းတက်စေချင်တယ်"

"ဟုတ်ကဲ့ အရေးကြီးကိစ္စမရှိရင်တော့ ကျောင်းမပျက်စေရပါဘူး ဒါဆိုကျွန်မတို့ကိုခွင့်ပြုပါဦးနော်"

"ဟုတ် ကောင်းပါပြီ"
_____________

ကျောင်းသွားဖို့ကို နှောင့်နှေးစေတယ် အကြောင်းကား jungwon အိပ်ရာကမထသေးပဲ မိုးအေးအေးနဲ့အိပ်ရာထဲလှိမ့်နေလို့။ဆက်လှိမ့်နေလို့မဖြစ် သူများတွေလို jungwon ကိုမနက်တိုင်းနှိုးပေးမယ့်သူမရှိဘူး မေမေနဲ့ဖေဖေကအလုပ်များတာကြောင့် အသေးစိတ်ကအစမလုပ်ပေးနိုင်ဘူး။
အကုန်လုံးပြင်ဆင်ပြီးတော့ မိုးနည်းနည်းစဲသွားတာကြောင့် jungwon ကားဂိတ်ကိုပြေးသွားဖို့ပဲစိတ်ကူးလိုက်တယ် ထီးကိုင်သွားရမှာပျင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ မိုးရေထဲပြေးထွက်လာခဲ့တာ ကားဂိတ်နားမရောက်ခင်ပဲ မိုးကသည်းသည်းမဲမဲကိုပြန်ရွာလာတော့တယ်။

အချစ်ဦးပုံပြင်🍂Where stories live. Discover now