🤍 1 🤍

3.9K 176 19
                                    

🐯 Unicode 🐯

မှန်တံခါးကိုတွန်းဖွင့်ကာ ဆိုင်အတွင်းဘက်သို့ Bright လျှောက်လာခဲ့သည်။အလှဆင်ထားတဲ့မီးအိမ်လေးတွေကိုမော့ကြည့်ပြီး လျှောက်လမ်းတစ်ဖက်တစ်ချက်က ပုံစံအမျိုးမျိုးသောစားပွဲဝိုင်းလေးတွေကို မျက်စိကစားရင်းမှ ဆိုင်ရဲ့ထောင့်ဆုံးဝိုင်းခပ်ကြီးကြီးက ဆူညံနေတဲ့အုပ်စုဆီ အာရုံရောက်သွားသည်။

ချာတိတ်အရွယ်လေးတွေ ခေါင်းမှာလဲနားရွက်အမျိုးမျိုးနဲ့ဘီးကုပ်ကလေးတွေ ကိုယ်စီကိုယ်စီတပ်ထားကြသေးသည်။ကိတ်မုန့်ဝိုင်းလေးတစ်ခုကို ဖယောင်းတိုင်ဝိုင်းစိုက်နေကြပြီး တစ်ယောက်တစ်ပေါက်ရယ်လိုက်မောလိုက်နဲ့ ဆူညံနေသည်။

ထိုထဲမှာမှ အရပ်ရှည်ရှည်အသားဖြူဖြူနဲ့ကောင်လေးက အဆိုးဆုံးပင်။Bright မျက်စိထဲထင်းကနဲပေါ်လာရတဲ့အကြောင့်အရင်းက Bright ကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့ အဖြူတစ်ဝက်အနက်တစ်ဝက်ကိုမှရင်ဘတ်ထောင့်လေးမှာ BW ရွှေရောင်စာလုံးလေးထိုးထားသော T-shirt လက်တိုကလေးကြောင့်ပင်။

ဒီချာတိတ်ကလေးဝတ်ထားတော့လဲ ကြည့်ရတာထင်ထားတာထက်ပိုပြီးSmartကျသားပဲ။ယုန်ဘီးကုပ်ကလေးတပ်ပြီး ရယ်နေတဲ့ချာတိတ်ကလေးရဲ့သွားကြီးကြီးနှစ်ချောင်းကို အဝေးကလှမ်းကြည့်တာတောင် မြင်နေရသည်။

ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက် ခုန်ဆွခုန်ဆွလုပ်လိုက်နဲ့ချာတိတ်လေးက စပ်စလူးလေးမှန်းအရမ်းသိသာပါသည်။

"Bright ဟျောင့်!"

"အာ..Dean!!"

စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားလိုက်တာ နောက်ကသူငယ်ချင်းပခုံးလှမ်းရိုက်တော့မှ အသိကပ်သွားတော့သည်။

"ကြားသားမိုးကြိုးပါလား CEO ကြီး မင်းကိုငါ့ဆီတစ်သက်လုံးမလာတော့ဘူးတောင်ထင်နေတာ ဆိုင်ဖွင့်ပွဲလဲမလာ သူငယ်ချင်းတွေဆုံလဲမလာနဲ့"

"မဟုတ်ပါဘူးကွာ ငါကခုမှလုပ်ငန်းထူထောင်ကာစမလို့ပါ နာမည်တစ်ခုရဖို့ကမလွယ်ဘူးလေ ပြီးတော့ငါကမကျွမ်းကျင်သေးတော့ "

"ဟိုးးးးဆရာ ဟိုး....မင်းပြောလိုက်ရင်ဒါပဲ ပြောပြီးပြီနော်ဟျောင့် ငါတကယ်စိတ်ဆိုးတာ"

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Where stories live. Discover now