<Unicode>
'လက်ထောက်ယွီ..´အလုပ်တွေကြား ခေါင်းစိုက်နေတဲ့ လက်ထောက်လေးက စားပွဲခေါက်ပြီး ခေါ်လိုက်တဲ့ သူတို့CEOရဲ့ အသံကြားကြောင့် ချွေးတွေပြန်နေပြီ..။
ဟုတ်တယ်လေ..အလုပ်ဝင်တဲ့ ၃,၄လ အတွင်း ခုလိုတကူးတကလာခေါ်တယ်မှ မရှိဖူးတာ။ခုလာတာ ကောင်းတဲ့ကိစ္စပဲဖြစ်ပါစေလို့တော့ ဆုတောင်းမိတယ်။
' ဟုတ်ကဲ့ CEO..´
ရိပေါ် ရယ်ချင်စိတ် မအောင့်နိုင်တာကြောင့် ဟက်ခနဲ အသံထွက်တော့မလိုဖြစ်သွားတယ်။သူ့ရှေ့မှာရပ်နေတဲ့ လက်ထောက်ယွီက ချွေးတွေပြန်လို့ အသံတွေပါတုန်နေပြီ။ရိပေါ်ကို အဲလောက်ထိတောင် ကြောက်ကြတာလား။
' မင်းတို့ သူဌေးလေးကို အိမ်မှာ ခနသွားကြိုပေးလို့ရလား..´
' ဟုတ်.. ဟုတ်ကဲ့ ရပါတယ် CEO ´တော်ပါသေး..မကောင်းတဲ့ကိစ္စဖြစ်မနေလို့။CEO ပါးစပ်က ရလားလို့သာ မေးနေတာ ။ အကြည့်တွေက မရရင်လည်း သွားကြိုပေးဆိုတာမျိုး။
' သြော်..အတွင်းရေးမှူးလီရဲ့ ကားကိုယူသွား..´
ဘောင်းဘီအိတ်ကပ်ထဲ လက်တဖက်ထည့်နှိုက်ရင်း ထွက်သွားပြီးမှ ပြန်လှည့်လာကာ ပြောတဲ့ CEOဝမ်..။
သူ့ကားပေးလိုက်ရင် ဘာဖြစ်သွားမှာမို့..တွန့်တိုလိုက်တာ။သြော်..မေ့လို့ ။ဒီအတောအတွင်း သိရတာ CEOက သူ့ကားနဲ့ ဆိုင်ကယ်တွေမှာ သူဌေးလေးကလွဲပြီး ဘယ်သူမှ စီးခွင့်မရှိဘူးဆိုတာပဲ။
_____ _____ _____
ရိပေါ် မနက်ထဲက အဆင်သင့်ယူလာတဲ့ အဖြူရောင်ရှပ်နဲ့ style pants အမဲကို လဲလိုက်ပြီး ဆံပင်တွေကို ခပ်ဖွာဖွာလုပ်လိုက်တယ်။ရှပ်လက်ရှည်မို့ တံတောင်ဆစ်နားထိ ခေါက်လိုက်တော့ လုံးဝ perfectပဲ။
အဖြူအမဲ ရိုးရိုးရှင်းရှင်းပေမယ့် ရိပေါ်ဝတ်လိုက်မှ ဆန်းဆန်းလေးဖြစ်သွားတာမျိုး။
လက်ထဲက နာရီတချက်ကြည့်လိုက်ပြီး sunglasses အမဲရောင်တပ်လိုက်ကာ ရုံးခန်းထဲက ထွက်လာခဲ့တယ်။ခုချိန်လောက်ဆို..ကောင်လေးက company ရှေ့ ရောက်နေလောက်ရောပေါ့။
ဝန်ထမ်းတွေ သူတို့ရှေ့ကဖြတ်လျှောက်သွားတဲ့ CEOဝမ်ကို မမြင်စဖူး လိုက်ကြည့်ကြတယ်။တချို့လူတွေအမြင်မှာတော့ သရေကျမတတ်ငမ်းနေတဲ့ နာဘူးတသိုက်ဖြစ်ချင် ဖြစ်နေလိမ့်မယ်။ဘာဖြစ်ဖြစ် သူတို့ဒါကို လက်လွတ်မခံသင့်ဘူးလေ။
VOCÊ ESTÁ LENDO
Hăo Jiŭ Bù Jiàn(好久不见)(Completed )