🤍2🤍

1.6K 137 11
                                    

🐯Unicode🐯

"""ဟားဟားဟားဟား...ဟားဟားဟားဟား"""

"မင်းတို့ကကွာ...."

Dean တို့ဆိုင်မှာပဲ သူငယ်ချင်းလေးယောက်သောက်ရင်းစားရင်း လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကဗြောင်းဆန်သွားတဲ့ မျောက်လောင်းလေးနဲ့ Bright အကြောင်းကို ပြန်ဖောက်သည်ချရင်းဝိုင်းဟားနေကြခြင်းရယ်ပါ.....။

"ငါတို့ကောင်ကြီး မစားနိုင်မသောက်နိုင်ဖြစ်ပြီး အလုပ်တောင်နားလိုက်ရတယ်ဆို ဘယ်လိုလဲမှတ်ပြီလား အလုပ်ပျက်မှာသေအောင်စိုးတဲ့ကောင် မှတ်ပြီလား ဟမ်"

"အေးပါကွာ..မင်းတို့ကလဲ..ဒါနဲ့ God မင်းရဲ့စက်ရုံဘက်ငါလာဦးမယ်"

"ဘာလဲ..ကုန်ကြမ်းပြတ်သွားလို့လား"

"ဟုတ်တယ်..ငါခုထုတ်မယ့်အနွေးထည်အတွက်..ငါဒီတစ်ခေါက်မှာထားတာတွေက အော်ဒါတွေအတွက်သုံးလိုက်လို့..ပိုက်ဆံမြုပ်နေလို့ကွာ..အဆင်ပြေရင်ခနလှည့်ပေး"

"ပြောစရာလူတွေလား လာခဲ့လေ ငါ့ဆီမှာချည်လိပ်တွေပဲကျန်တယ်ထင်တယ်..ငါတောင်မစစ်ကြည့်ရသေးဘူး..ဒီလိုလုပ် မင်းလာပြီးပြေလားမပြေလားရွေးလိုက် လိုရင်ငါထပ်မှာလိုက်မယ် extra တွေမို့မင်းအဆင်ပြေမှပြန်လွှဲ အိုကေလား"

God အမေးကို Bright အဆင်ပြေကြောင်း မေးဆတ်ပြရင်း ခွက်ချင်းတိုက်လိုက်သည်။

"ဘာလဲ..အနွေးထည်ကကြားဖြတ်လား"

"မဟုတ်ဘူး..ဆောင်းဦးအဖွင့်..ပရိုမိုးရှင်းအတွက်သုံးမလားလို့"

"ဟိုးးးးးစတော့ပ် အကိုတို့....အလုပ်ကြီးအကိုင်ကြီးသမားတွေကြောင့် ဒီကအလေအလွင့်လေးစိတ်ညစ်နေပါပြီနော်..အလုပ်အကြောင်းတွေလာမပြောစမ်းပါနဲ့..ရှားရှားပါးပါး ထရိန်နင်ပိတ်ရက်လေးမှာ အေးဆေးသောက်ပါရစေ"

"ဟားဟားဟားဟား..ငါတို့လက်ရွေးစင်ကြီးတောင် စိတ်ညစ်နေပြီ မင်းတို့တော်ကြတော့"

"တော်ပါ သူများကြားရင်အထင်ကြီးမယ် တစ်နေ့တစ်နေ့ပင်ပန်းလွန်းလို့ ဘောလုံးမကန်ပဲ နည်းပြကိုပဲပြေးပြေးကန်ချင်လာတယ်"

"""ဟားဟားဟားဟား...ဟားဟားဟားဟား"""

No ကြောင့် အလုပ်ကိစ္စတွေပြောနေရင်းက ပဒီးပဒါးတွေဆီ​ပြန်ရောက်သွားတော့သည်။
ပါးစပ်ထဲအရက်ဝင်ပြီဆို ခုလက်ရှိမဟုတ်တရုတ်တွေကအစ ဟိုးငါးနှစ်သားကအလွဲတွေအဆုံး ဝိုင်းကြီးပတ်ပြီး ပြောကြတာမို့ စိုစိုပြေပြေတွေ့ဆုံဝိုင်းလေးက ညအတော်နက်မှသိမ်းဖြစ်တော့သည်။
.
.
.
.
📱God ငါမင်းတို့စက်ရုံဘက်ရောက်တော့မှာ..ကားဝင်မရဘူးဖြစ်နေတယ်..ယာယီပိတ်ဆို့ထားတာလားမသိ ငါလမ်းဆင်းလျှောက်လာရမှာလား..

သတိ! ငရှုပ်လေးကိုမချစ်ရ! ( သတိ! ငရႈပ္ေလးကိုမခ်စ္ရ! )Completed Where stories live. Discover now