“ချစ်ခြင်းမေတ္တာတွေ နှစ်တသောင်းကြာ
ရှည်ပါစေ”၁။
ဝမ်ရိပေါ်တစ်ယောက် ရေအရမ်းဆာလို့ အိပ်ယာနိုးလာခဲ့တယ်။
သူ အိပ်မက် မက်နေခဲ့တာဖြစ်တယ်။ အိပ်မက်ထဲမှာ သူဟာ အချိန်တွေ အကြာကြီး ပြေးနေခဲ့ရတယ်။ ရေအရမ်းဆာလာပေမယ့် အနီးအနားမှာ ရေဝယ်စရာ ဘာဆိုင်ကိုမှ မတွေ့ဘူး။ အားမလို အားမရ စိတ်ရှုပ်မှုတွေနဲ့ ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်တယ်။
အခန်းထဲမှာ မှောင်မဲနေပြီး အိပ်ခန်းတံခါးက ပိတ်ထားလျက်ရှိတယ်။ ခပ်ဟဟလေး ပွင့်နေတဲ့ကြားကတဆင့် အပြင်ဧည့်ခန်းကအလင်းရောင်က အခန်းထဲကို ခပ်ပါးပါး ထိုးဝင်နေတယ်။ သူ့ မျက်လုံးကို ပွတ်လိုက်တယ်။ ခေါင်းကို အနည်းငယ်မြှောက်လိုက်ပြီးနောက် အိပ်ယာပေါ်ကို ဘုတ်ခနဲ ပြန်လှဲချလိုက်တယ်။
“ပေါင်ပေါင်း?”
ဝမ်ရိပေါ် ခေါ်ကြည့်လိုက်တယ်။ ဒါပေမယ့် သူ့အသံက အရမ်းဩပြီး ရေဆာနေတာကြောင့် အသံကျယ်ကျယ် သိပ်မထွက်နိုင်ဘူး။ ကိုယ့်ဟာကိုယ်တောင် သေချာပြန်မကြားရတာ အပြင်ကလူ ကြားရဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်ဘူး။
ခဏလောက် စဉ်းစားလိုက်ပြီးတဲ့နောက် စောင်ကိုဖယ်လို့ အိပ်ယာထလိုက်ပြီး အိပ်ခန်းထဲက ထွက်လာခဲ့လိုက်တယ်။
ဧည့်ခန်းထဲမှာ Floor Lamp အလင်းရောင် ရှိနေတယ်။ နွေးထွေးတဲ့ အဝါရောင်အလင်းအဖြစ် ချိန်ညှိထားတာဖြစ်ပြီး အလင်းဆုံးဖြစ်အောင် ချိန်ထားတယ်။ ဒါပေမယ့် ဧည့်ခန်းတခန်းလုံးကို လင်းသွားစေနိုင်တာမျိုးတော့ မဟုတ်ဘူး။
ဝမ်ရိပေါ် အဲ့နားမှာ ရပ်ရင်း ဆိုဖာပေါ်မှာ သူ့ကို နောက်ကျောပေးပြီး ခြေချိတ်ထိုင်ရင်း ခေါင်းငုံ့လို့ တခုခုလုပ်နေတဲ့လူကို ကြည့်နေလိုက်တယ်။
ဝမ်ရိပေါ်ရဲ့ လည်ချောင်းက ယားသလိုလို ဖြစ်လာတာမို့ ချောင်းတချက် နှစ်ချက် ဆိုးလိုက်တယ်။
ဆိုဖာပေါ်မှာ ထိုင်နေတဲ့လူက ရုတ်တရက် ခေါင်းကို နောက်ပြန်လှည့်လို့ သူ့ကို ကြည့်တဲ့အခါ နှစ်ယောက်သား ခဏလောက် မျက်လုံးချင်း ဆိုင်သွားတယ်။
DU LIEST GERADE
မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||