အစ်ကိုနှင့် တွေ့ဆုံခြင်း (၁)

548 7 0
                                    


ဆောင်းမနက်ခင်းရဲ့ နိုးထခြင်းတွေက ကျနော့်အတွက်အရမ်းကိုငြီးငွေ့ဖွယ်ကောင်းလွန်းနေပါတယ် ... ဒီနေ့ကကျနော် တက္ကသိုလ် ပထမနှစ်ကိုစတက်ရမယ့်နေ့လေးပေါ့ ။ ကျနော့်ဇာတိက ပြည် ကဆိုပေမယ့် ကျနော် ၁၀ တန်းအောင်ပြီးထဲက အဒေါ်တွေအိမ်ကို မေမေက ကွန်ပြူတာသင်တန်းတက်ဖို့ ပို့ထားရာကနေစပြီး ကျနော်လဲ ရန်ကုန်မြို့ကြီးမှာနေရတာပျော်တာနဲ့ ဒီမှာပဲ ကျောင်းဆက်တက်တော့မယ်လို့ဆုံးဖြတ်ပြီးနေဖြစ်ခဲ့တာပေါ့။ အခုတော့ ကျနော် ကျောင်းကို သွားချင်နေပြီလေ ဘာလို့လဲဆိုတော့ ကျနော်စိတ်ကူးယဉ်ခဲ့ရတဲ့ ရန်ကုန်မြို့က တက္ကသိုလ်ကျောင်းကြီးရဲ့ပျော်စရာတွေ သူငယ်ချင်းအသစ်တွေအတွက် ကျနော် ရင်ခုန် လွန်းလှပါပြီ ..။ကပြကယာ အိပ်ယာကထပြီး ကျောင်းသွားဖို့ပြင်ဆင်လိုက်တော့တယ်။ ကျောင်းရောက်တော့ ကျနော်တက်ရမယ့် အဆောင်ကိုရှာပြီး အတန်းထဲဝင်ထိုင်နေလိုက်တယ် ကျောင်းသားတွေအုပ်စုလိုက်လေးတွေဝင်လာကြတယ် ကျနော်ငေးနေမိတယ် ။ မကြာပါဘူး ကျနော့်နားကို ကောင်လေးတယောက်ရောက်လာတယ် ...
"လူရှိလားသယ်ရင်း "တဲ့

"မရှိပါဘူးခင်ဗျ ထိုင်ပါ"

ကျနော် ပြုံပြလိုက်တော့ သူကလဲပြုံးပြတယ်

အစ်ကိုသို့.... ( Complete )Where stories live. Discover now