Unicode
"အဖေထီဆုအကြီးဆုံးပေါက်တယ်"
လူကြီးမင်းကျင်းကဘေးကိုကြည့်ပြီးတိုးတိုးလေးပြောလိုက်တယ်
"အဖေထီသန်း၄၀ဆုရတယ်,အခုကစပြီးအဖေတို့ချမ်းသာပြီ""သန်း၄၀!!"ကျင်းရှောင်ယွီရဲ့မျက်လုံးတွေကပြူးကျယ်သွားတယ်,သူမပုံစံကအရမ်းကိုအံ့သြနေပုံပဲ
'ငါတို့ဒီလောက်တောင်ကံထူးနိုင်လို့လား,ငါအခုချမ်းသာလာပြီပေါ့,အဲ့ဒါဆိုငါဒီထက်ပိုပြီးအနိုင်ကျင့်မခံရတော့ဘူးပေါ့'ပျော်ရွှင်မှုနဲ့စိတ်လှုပ်ရှားမှုကကျင်းရှောင်ယွီရဲ့နှလုံးသားထဲမှာပြည့်နှက်နေတယ်.သူမကသူမဘဝကိုအနိုင့်ကျင့်မခံရတော့ဘဲပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရတော့မယ်လေ လူတိုင်းရဲ့အနှိမ်ခံနေရတဲ့အခုအခြေအနေကရုန်းထွက်နိုင်မယ့်အပြင် သူမကနေရင်းထိုင်ရင်းချမ်းချမ်းသာသာနေရတော့မယ်
"ငါဒီနေ့ချန်ရှန်းကိုတွေ့လိုက်သလိုပဲ,အဲဒီကောင်ကငါ့ကိုဒီနေ့သေအောင်ခြောက်ထားတာ,ဖူရှောင်ကပါဒီနေ့acedamyကိုလာတယ်မဟုတ်လား''
ကျောင်းသားAကတုန်တုန်ရီရီနဲ့ပြောလိုက်တယ်"မဖြစ်နိုင်ပါဘူး,ငါသူ့သက်တော်စောင့်တွေကိုမတွေ့မိပါဘူး"
ကျောင်းသားBကဖြေသိမ့်ပေးလိုက်တယ်"
ငါအထင်နင်ဒီတိုင်းလျှောက်မြင်နေတာပဲနေမှာပါဟယ်""ငါအမြင်မှားတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ချန်ရှန်းကလွဲပီးသူ့လောက်အကောင်ကြီးတဲ့ဟာရှိသေးလို့လား...ကျောင်းကလူကြီးတွေကလည်းဘာလုပ်နေမှန်းကိုမသိဘူး အဲ့လောက်အကြီးကြီးကိုဝင်ခိုင်းရလားဟယ်..အရင်အခေါက်ကဆို ဒင်းလေးကြောင့်တစ်ယောက်ယောက်သေတော့မလို့"ကျောင်းသားAရဲ့မျက်နှာဖျော့တော့နေတယ်
"အဲ့ဒါဆိုလည်းဖူရှောင်..ကျောင်းကိုပြန်လာရင်နင်သတိနဲ့နေပေါ့ဟယ်မဟုတ်လို့ချန်ရှန်းကိုတွေ့နေမှဂန့်နေမယ်''
သူတို့နှစ်ယောက်ရှီရှန်းနားကနေဖြတ်လျှောက်ပြီးပြောသွားကြတယ်ရှီရှန်းကသူတို့ကိုကြည့်နေတယ်
'သူတို့ဘယ်ချန်ရှန်းအကြောင်းပြောနေတာလဲသူတို့ပြောသလိုသေရလောက်တဲ့အထိတောင်ကြောက်ဖို့ကောင်းကြတာလား..အဲ့လောက်အန္တရာယ်များတာကြီးကိုသူတို့ကဝင်ခိုင်းတယ်ပေါ့'
BINABASA MO ANG
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.